ချန်ပီယံဖလားအတွက် အရေးပါတဲ့ ပွဲတပွဲဖြစ်ပါတယ်။

မကြာခင်ကစားရတော့မယ့် အာဆင်နယ်နဲ့ပွဲဟာ သူတို့အတွက် နောက်ဆုံးအခွင့်အရေးဖြစ်တယ်လို့ မန်ချက်စတာစီးတီးနည်းပြပပ်ဂွါဒီယိုလာက သူ့အသင်းသားတွေကို သတိပေးလိုက်ပါတယ်။ လက်ရှိမှာ အာဆင်နယ်က မန်စိးတီးထက် ၃ မှတ်အသာရနေပြီး အခုကစားရမယ့်ပွဲကို အနိုင်ယူနိုင်ခဲ့မယ်ဆိုရင် မန်စီးတီးတို့ အာဆင်နယ်နဲ့ ရမှတ်တူအနေအထားမှာ ရပ်တည်နိုင်တော့မှာဖြစ်ပါတယ်။ 

ပရီးမီးယားလိဂ်အမှတ်ပေးဖလားကို ရယူဖို့အတွက်ဆိုရင် နှစ်သင်းစလုံးအတွက် ဒီပွဲကအရေးပါနေပြီး မန်စီးတီးတို့ အခွင့်အရေးအရယူဖို့ လိုအပ်နေပါတယ်။ အဲဗာတန်ကို အာဆင်နယ်တို့ ရှုံးနိမ့်ခဲ့တုန်းက မန်စီးတီးကလည်း လိုက်ရှုံးခဲ့လို့ အမှတ်ကွာဟချက်ကို မလျှော့ချနိုင်ခဲ့ဘဲ ပြီးခဲ့တဲ့တပတ်ပွဲမှာ အာဆင်နယ်သရေကျချိန် ဗီလာကို အနိုင်ယူခဲ့လို့ ၃ မှတ်ကွာအနေအထားကို ရောက်လာခဲ့တာပါ။ 

ဒီပွဲမတိုင်ခင်မှာ ဂွါဒီယိုလာက "ယေဘုယျအားဖြင့်တော့ ဗီလာနဲ့ပွဲမှာ ကျနော်တီု့ အရမ်းကောင်းတဲ့ပွဲတပွဲကစားနိုင်ခဲ့ပါတယ်၊ ပိုပြီးတော့ Press လုပ်နိုင်ခဲ့ပါတယ်၊ ဒါပေမယ့် ဒုတိယပိုင်းမှာ ကျနော်တို့တခုခုကို ချိန်ညှိခဲ့ရပြီး ပထမပိုင်းထက် ဒုတိယပိုင်းမှာ ပိုကောင်းခဲ့ပါတယ်၊ ကံဆိုးတာက အမှားတခုကနေ ပေးဂိုးတဂိုးခွင့်ပြုခဲ့ရတာပါ"

"ဒါပေမယ့်လည်း တည်ကန်ဘောတွေကနေ ကျနော်တို့ ဂိုးတွေရအောင် သွင်းနိုင်ခဲ့ပြီး ယေဘုယျအားဖြင့် အရမ်းကောင်းတဲ့ပွဲပါပဲ၊ ဒီအတွက် ကျနော်ပျော်ရွှင်ပါတယ်၊ ကျနော်တို့နောက်မှာ အားလုံးရှိနေပြီး ဒါက အာဆင်နယ်နဲ့ ကွာဟချက်ကို လျှော့ချနိုင်မယ့် နောက်ဆုံးသောအခွင့်အရေးအတွက် တကယ်ကို အရေးကြီးပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ 

မန်စီးတီးဟာ အာဆင်နယ်ကွင်းမှာ သွားကစားရမှာဖြစ်ပြီး ဂွာဒီယိုလာနဲ့ သူ့ရဲ့ တပည့်ဟောင်း အာတီတာတို့ ထိပ်တိုက်တွေ့မှာပါ။ ဒါပေမယ့် အာဆင်နယ်ဟာ မန်စီးတီးနဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၅ပွဲကြိမ်စလုံးကို အရေးနိမ့်ထားခဲ့ပြီး ဒီရာသီဖလားပွဲမှာလည်း အရေးနိမ့်ထားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က