တဖြည်းဖြည်း စိတ်ပျက်လာပြီလို့ ပြောခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်နောက်ခံကြယ်ပွင့်ဟောင်း ပက်ထရစ် အီဗရာက ရက်ရှ်ဖို့ဒ်ကို ယူနိုက်တက်ယာယီနည်းပြသစ် ရန်းနစ်ခ်အနေနဲ့ ခပ်ကြမ်းကြမ်းကိုင်တွယ်စေချင်နေပြီး အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးကို စိတ်ပျက်လာပြီလို့ ဝန်ခံပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ကိုင်မြှောက်နိုင်ခဲ့တဲ့ အီဗရာဟာ အာဆင်နယ်ကို ၃-၂ နဲ့ ယူနိုက်တက်က အနိုင်ရခဲ့တဲ့ ကြာသပတေးနေ့ပွဲစဉ်မှာ ပထမပိုင်းအတွင်း ရက်ရှ်ဖို့ဒ်ရဲ့စွမ်းဆောင်ရည်ကြောင့် စိတ်ပျက်ခဲ့ရတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် ယာယီနည်းပြသစ် ရန်းနစ်ခ်ဟာ အာဆင်နယ်နဲ့ပွဲကို ပွဲကြည့်စင်ကနေသာ လာရောက်ကြည့်ရှု အကဲခတ်ခဲ့တာဖြစ်ပေမယ့် သောကြာနေ့ကစပြီး အသင်းကို တာဝန်ယူကိုင်တွယ်သွားတော့မှာဖြစ်ပါတယ်။



ပြင်သစ်လက်ရွေးစင်ကြယ်ပွင့်ဟောင်း အီဗရာက နည်းပြ ဆိုးလ်ရှားလက်အောက်မှာ ဆိုးရွားတဲ့စွမ်းဆောင်ရည်ပြသခဲ့တဲ့ ကစားသမားတွေကို တုန်လှုပ်သွားအောင် ရန်းနစ်ခ်ကို ခေါ်ဆောင်ခဲ့တာဖြစ်တယ်လို့ ယုံကြည်နေပြီး ဂျာမန်လူမျိုးနည်းပြအနေနဲ့ စိတ်ပျက်စရာကောင်းလာနေတဲ့ ရက်ရှ်ဖို့ဒ်ကို အရင်စကိုင်သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။ မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ ယခုရာသီအစကို ဒဏ်ရာကြောင့် လွဲချော်ခဲ့ပြီးနောက် နောက်ဆုံး ၆ ပွဲပါဝင်ကစားပေးထားရာမှာ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ အသင်းအတွက် အကောင်းဆုံးပုံစံ ပြသနိုင်ဖို့အတွက် ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။

"ကျွန်တော် ရက်ရှ်ဖို့ဒ်လို ကစားသမားမျိုးကို တိုက်စစ်မှာ ပိုကစားစေချင်ပါတယ်။ ဘာကြောင့် သူ ဘောလုံးကို နောက်ပြန်ပြန်ပေးနေတာလဲဆိုတာ ကျွန်တော် မသိပါဘူး။ သူက စပြီး စိတ်ပျက်စရာကောင်းလာပါပြီ။ ကျွန်တော်တို့ ရန်းနစ်ခ်ရောက်လာတာက ကစားသမားတွေကို တုန်လှုပ်သွားအောင်လုပ်ဖို့ဆိုတဲ့အကြောင်းကို ပြောနေကြတာပါ။ ပထမဆုံးကိုင်ရမယ့်သူက ရိုးရိုးသားသားပြောရရင် ရက်ရှ်ဖို့ဒ်ပဲ။ သူ့မှာရှိတဲ့ ပြေးနှုန်းနဲ့၊ သူ့မှာရှိတဲ့ အရည်အချင်းနဲ့ ဘာကြောင့် သူ့မှာ ကစားသမားအချင်းချင်း တစ်ယောက်ချင်း ယှဉ်ကစားရတဲ့ ဇမရှိတာလဲဆိုတာ ကျွန်တော် နားမလည်နိုင်ပါဘူး"

အီဗရာက ဒုတိယပိုင်းမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ကစားသမားဘဝ ဂိုး ၈၀၀ မြောက်သွင်းဂိုးကို မားကပ်စ် ရက်ရှ်ဖို့ဒ်က ဖန်တီးပေးခဲ့တဲ့အတွက် အင်္ဂလန်တိုက်စစ်မှူးရဲ့ ဒုတိယပိုင်းစွမ်းဆောင်ရည်ကို အနည်းငယ် စိတ်ကျေနပ်ခဲ့တယ်လို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ "ကျွန်တော် ဒုတိယပိုင်းနဲ့ပတ်သက်ပြီး တကယ်ကို ပျော်ရွှင်မိပါတယ်။ မားကပ်စ် ရက်ရှ်ဖို့က နောက်ဆုံးတော့ ပြေးလွှားကစားခဲ့ပါပြီ။ သူ ပထမပိုင်းတုန်းက ကျွန်တော် ပြောခဲ့တဲ့စကားကို နားလည်မိခဲ့တာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မိုက်ကယ် ကစားရစ်ကလည်း အရမ်းကောင်းကောင်း လုပ်နိုင်ခဲ့တယ်။ အားလုံးက ရန်းနစ်ခ်ကို ကယ်တင်ရှင်အဖြစ်နဲ့ စောင့်မျှော်နေကြပါတယ်။ အခု သူ ကိုင်တွယ်ရမယ့် အသင်းရှိနေပြီး အသင်းကို ပို့ဆောင်ပေးဖို့ အချိန်ကျပါပြီ"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က