ဟို့ဂျ်လန်းက အာဆင်နယ်နဲ့ပွဲမှာ ပထမဆုံး ဝင်ကစားခဲ့တာပါ။

ယူနိုက်တက် တိုက်စစ်မှူးသစ် ဟို့ဂျ်လန်းက အာဆင်နယ်နဲ့ပွဲမှာ အသင်းဖော် စီနီယာ ကစားသမား ကက်စ်မဲရိုး သူ့ကို ဘာပြောခဲ့လဲဆိုတာ ဖွင့်ဟပြောကြားလိုက်ပါတယ်။ အဆိုပါပွဲမှာ ယူနိုက်တက်တို့ ၃-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။



ဟို့ဂျ်လန်းကတော့ ဒုတိယပိုင်းမှာ မာရှယ်လ်ရဲ့နေရာကို လူစားဝင်ကစားခဲ့ပေမယ့် အသင်းကို ရှုံးပွဲမကြုံတွေ့ရအောင် ကယ်တင်နိုင်ခဲ့ခြင်းမရှိပါဘူး။ ဒီပွဲဟာ ဟို့ဂျ်လန်းအတွက် ယူနိုက်တက် ကစားသမားဘဝ ပထမဆုံးပွဲလည်း ဖြစ်ခဲ့ပါတယ်။

ပွဲချိန်အတွင်း ယူနိုက်တက်တို့ ထောင့်ကန်ဘောကန်ဖို့ ပြင်ဆင်နေချိန်မှာ ကက်စ်မဲရိုးက ဟို့ဂျ်လန်းရဲ့ ဂျာစီကို လက်နဲ့ဆွဲကိုင်ကာ တစ်စုံတစ်ခုကို အလေးအနက်ထား ပြောကြားခဲ့ပါတယ်။ ဒီမြင်ကွင်းက ပရိသတ်တွေအကြားမှာလည်း ရေပန်းစားခဲ့ပြီး ဟို့ဂျ်လန်းကလည်း ဒီကိစ္စအပေါ် ဖွင့်ဟလာခဲ့ပါတယ်။

ဟို့ဂျ်လန်းက “ကက်စ်မဲရိုးက စပိန်လိုမျိုး တစ်ခုခု ပြောခဲ့တာပါ။ Vamos လား၊ တစ်ခြားတစ်ခုခုလား ကျွန်တော် မသိပါဘူး။ အသင်းအတွက် ကျွန်တော်လုပ်ပေးတဲ့အရာတွေအပေါ် သူက ကျေနပ်ပြီး မာရှယ်လ်နဲ့ ကျွန်တော့်အကြားမှာ မတူညီတဲ့ ပေါက်ကွဲအားတွေရှိနေပါတယ်”

“ကက်စ်မဲရိုးက ကျွန်တော်ကစားတာကို အရင်က တစ်ခါမှမမြင်ဖူးခဲ့ပါဘူး။ ဒီတော့ ကျွန်တော့်ရဲ့ ကစားပုံကို မြင်ရတာ တကယ်ကို အံ့အားသင့်စရာကောင်းတယ်လို့ ပြောခဲ့တာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ အဆိုပါပွဲမှာ ဟို့ဂျ်လန်းတစ်ယောက် အာဆင်နယ်ရဲ့ ပင်နယ်တီဧရိယာထဲမှာ ဆွဲလှဲခံခဲ့ရပေမယ့် ပင်နယ်တီရမယ့် အခွင့်အရေးနဲ့လည်း လွဲချော်သွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က