ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲအပေါ် ၎င်းရဲ့ ရှင်းလင်းပြတ်သားတဲ့ အမြင်ကို ပြောကြားခဲ့ပါတယ်။

ယာဂန် ကလော့ပ်ဟာ အာဆင်နယ်ပရိသတ်တစ်ဦးက ဂန်းနားတွေကို ဖလားရတာမြင်ချင်လားလို့ မေးမြန်းတာခံခဲ့ရပြီးနောက် ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲအပေါ် ၎င်းရဲ့ ရှင်းလင်းပြတ်သားတဲ့ အမြင်ကို ပြောကြားခဲ့ပါတယ်။

 

လီဗာပူးလ်ဟာ တနင်္ဂနွေနေ့က အန်းဖီးမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူတွေကို ၂-၂ သရေရလဒ်ထွက်ပေါ်အောင် ကစားနိုင်ခဲ့ပြီးနောက် အာဆင်နယ်ရဲ့ ရာသီကို ချန်ပီယံတွေအဖြစ် အဆုံးသတ်နိုင်မယ့် အခွင့်အရေးကို ထိခိုက်စေခဲ့တာဖြစ်ပါတယ်။ ဂန်းနားတွေဟာ ပထမပိုင်းအစောပိုင်းမှာ ၂ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပေမယ့်လည်း ပထမပိုင်း အဆုံးနဲ့ ဒုတိယပိုင်း အဆုံးမှာ ချေပဂိုးတွေ ပြန်ပေးခဲ့ရပြီး အန်းဖီးကနေ သရေ ၁ မှတ်နဲ့သာ အိမ်ပြန်နိုင်ခဲ့တာ ဖြစ်ပါတယ်။

 

အာဆင်နယ်ဟာ လက်ရှိမှာ ဒုတိယနေရာက မန်ချက်စတာစီးတီးကို ၁ ပွဲပိုကစားပြီး ၆ မှတ်အသာနဲ့ ရပ်တည်နေတာဖြစ်ပြီး လာမယ့် ဧပြီလ ၂၆ ရက်နေ့မှာ အစ်တီဟတ်ကို သွားရောက်ပြီး ယခုရာသီရဲ့ ချန်ပီယံက ဘယ်သူလဲဆိုတာ အဖြေထုတ်ရမှာ ဖြစ်ပါတယ်။

 


လီဗာပူးလ်နဲ့ ပွဲအပြီးမှာ အာဆင်နယ်ပရိသတ်နဲ့ AFTV တင်ဆက်သူ ဆီဆေးလ် ဂျီး သောမတ်စ်က အန်းဖီးကွင်းအပြင်ဘက်က ကားထဲမှာ ထိုင်နေရင်း ပရိသတ်တွေနဲ့ စကားပြောနေတဲ့ ကလော့ပ်ဆီ ချဉ်းကပ်ပြီး “ခင်ဗျား ကျွန်တော်တို့ အာဆင်နယ် လိဂ်ဖလားရသွားတာကို မြင်ချင်လား၊ ဒါမှမဟုတ် မမြင်ချင်ဘူးလား”လို့ မေးမြန်းခဲ့တာဖြစ်ပါတယ်။

 

လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က အာဆင်နယ်ပရိသတ်ရဲ့ မေးခွန်းကို “အကောင်းဆုံးအသင်း”လို့ တုံ့ပြန်ခဲ့ပြီး သောမတ်စ်က ဂျာမန်လူမျိုးနည်းပြနဲ့ လက်ဆွဲနှုတ်ဆက်ခဲ့ပြီးနောက် “သူက ငါတို့အသင်းအကြောင်း ပြောနေတယ်”လို့ ပြန်ပြောခဲ့တဲ့ AFTV တည်ထောင်သူ ရော်ဘီ လိုင်းနဲ့ ရယ်မောခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က