ချယ်လ်ဆီးပရိသတ်တွေကတော့ အားရကျေနပ်နေပါတယ်။

ချယ်လ်ဆီးနောက်ခံလူ ရီဆီဂျိမ်းစ်ကတော့ ကိုင်ဟာဗက်ဇ်ကို​ ခေါ်ယူနိုင်ခဲ့လို့ တက်ကြွနေတဲ့ အာဆင်နယ်ပရိသတ်တဦးကို ကောင်းကောင်းကြီး ထိုးနှက်သွားခဲ့ပါတယ်။ ကိုင်ဟာဗက်ဇ်ကတော့ အာဆင်နယ်ကို ပေါင် ၆၅ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး ဒီနောက်မှာ အာဆင်နယ်ပရိသတ်တဦးက ရီဆီဂျိမ်းစ်ကိုလည်း အလားတူ ခေါ်ယူနိင်တယ်လို့ ပြောဆိုခဲ့ပါတယ်။ 

အဆိုပါပရိသတ်က တွစ်တာပေါ်မှာ "ရီဆီဂျိမ်းစ်ကိုလည်း အာဆင်နယ်က ခေါ်မှာ၊ ဘယ်သူကများ No လို့ ပြောမလဲ" ဆိုပြီး ရေးသားခဲ့တာပါ။ ဒီအချိန်မှာပဲ ရီဆီဂျိမ်းစ်က "ကျနော်ကိုယ်တိုင် No လို့ ပြောပါတယ်" ဆိုပြီး Reply ပြန်သွားခဲ့တာပါ။ ဒီလိုပြုလုပ်ရုံနဲ့တင် မပြီးသေးပဲ ရီဆီဂျိမ်းစ်က သူ့အင်စတာဂရမ် Story မှာ အာဆင်နယ်ပရိသတ်တွေ​ေရှေ့ သူ တဦးတည်းရှိနေတဲ့ ပုံကိုလည်း တင်ခဲ့ပါတယ်။ 

ရီဆီဂျိမ်းစ်ရဲ့ တုံ့ပြန်ခဲ့ပုံကို ချယ်လ်ဆီးပရိသတ်တွေက တော်တော်လေးသဘောကျခဲ့ကြပါတယ်။ ရီဆီဂျိမ်းစ်ကို အားပေးထောက်ခံမှုတ​ွေလုပ်ခဲ့ကြပြီး ဒီအဖြစ်အပျက်က တွစ်တာမှာ တော်တော်လေးရေပန်းစားခဲ့တာပါ။ အသက် ၂၃ နှစ်အရွယ် အင်္ဂလန်သားဟာ ဒူးဒဏ်ရာကြောင့် အနားယူခဲ့ရသူဖြစ်ပြီး လာမယ့်ရာသီအတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေပြီလည်း ဖြစ်ပါတယ်။ 

ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့က လန်ဒန်မြို့ခံပြိုင်ဘက်တွေဖြစ်ပြီး ရီဆီဂျိမ်းစ်ရဲ့ အခုလိုတုံ့ပြန်မှုဟာ အာဆင်နယ်ကို မုန်းတီးနေတာကို ပေါ်လွင်စေတယ်လို့လည်း တချို့က မှတ်ချက်ပြုခဲ့ကြပါတယ်။ အာဆင်နယ်ပရိသတ်အတွက်လည်း ရီဆီဂျိမ်းစ်ရဲ့ တုံံ့ပြန်ခံရမှုက ခံရခက်ခက်ကြီး ဖြစ်နေခဲ့မှာတော့ သေချာပါတယ်။ 


Share

Loading Next Article...
က္က