မန်စီးတီးပရိသတ်တွေကတော့ သူ့ကို ဝိုင်းအားပေးခဲ့ကြပါတယ်။

မန်ချက်စတာစီးတီးဂိုးသမားအီဒါဆန်ဟာ မနေ့ညကပွဲမှာ အာဆင်နယ်ပရိသတ်တွေကို ကွင်းအတွင်းကနေ လှောင်ပြောင်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ မန်စီးတီးက ဂိုးသွင်းယူပြီးနောက် အသင်းဖော်တွေ အောင်ပွဲခံနေချိန်မှာ လှောင်ပြောင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ အပြုအမူက မန်စီးတီးပရိသတ်တွေ သဘောကျစရာကောင်းနေခဲ့ပေမယ့် အာဆင်နယ်ပရိသတ်တွေအတွက်တော့ ဒေါသထွက်စရာဖြစ်ခဲ့ရပါတယ်။ 

အီဒါဆန်က ဂိုးပေါက်ရှေ့ကေန အာဆင်နယ်ပရိသတ်တွေဘက်လှည့်ကာ သူ့မျက်လုံးနား လက်နှစ်ဖက်ကပ်ပြီး မျက်ရည်ကျဟန်လုပ်ပြသွားခဲ့တာပါ။ အဲဒီနောက်မှာ သဘောတကျနဲ့ ရယ်မောပြီး လျှာထုတ်ပြလှောင်ပြောင်ခဲ့တာလည်းဖြစ်ပါတယ်။ သူ့ရဲ့ လုပ်ရပ်ကို မန်စီးတီးပရိသတ်တွေက အားပေးခဲ့ကြပြီး အာဆင်နယ်ပရိသတ်တ​ွေကတော့ ဒေါသထွက်နေခဲ့ကြပါတယ်။ 



ဒီရာသီ အမှတ်ပေးဖလားလုဖက်အသင်းကို အနိုင်ရနေလို့ အီဒါဆန်က တော်တော်လေးကျေနပ်ပျော်ရွှင်နေဟန်လည်း ရှိခဲ့ပါတယ်။ ဂိုးပေါက်နောက်က မန်စီးတီးပရိသတ်တွေက အီဒါဆန်ကို အော်ဟစ်အားပေးခဲ့ကြကာ ပြိုင်ဘက်ပရိသတ်တ​ွေကို ပူးပေါင်းပြီး နှိပ်ကွပ်ခဲ့ကြပါတယ်။ 

မန်စီးတီးက ဒီနိုင်ပွဲကြောင့် အာဆင်နယ်ထက် ၂ပွဲလျော့ကစားပြီး ၂ မှတ်သာနည်းပါးပါတော့တယ်။ ပွဲကျန် ၂ပွဲထဲက တပွဲကိုအနိုင်ရတာနဲ့ အာဆင်နယ်ကို ၁ မှတ်ဖြတ်နိုင်မှာဖြစ်ပြီး လက်ရှိအနေအထားအရ အမှတ်ပေးဖလားကို သိမ်းပိုက်နိုင်ဖို့အတွက် အခြေအနေတော်တော်လေးကောင်းနေခဲ့ပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က