ဗိုလ်လုပွဲမှာ ရမ်ဆေးတယောက်တည်း ပင်နယ်တီလွဲခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ဖရန့်ဖတ်နဲ့ရိန်းဂျားစ်တို့ရဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာတော့ ဖရန့်ဖတ်က ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရဗိုလ်စွဲသွားခဲ့ပါတယ်။ ဒီပွဲမှာ သာမန်ပွဲကစားချိန်အတွင်း တဖက်တဂိုးစီသရေကျနေခဲ့တာကြောင့် အချိန်ပို၊ ပင်နယ်တီအထိ ရောက်ရှိခဲ့တာပါ။



ပင်နယ်တီအဆုံးအဖြတ်မတိုင်ခင် ပွဲကစားချိန် (၁၁၇) မိနစ်မှာ ရမ်ဆေးတယောက် ရိန်းဂျားစ်အတွက် လူစားဝင်ကစားခဲ့ပါတယ်။ ဒါဟာ နည်းပြ ဗန်ဘရွန်ခရော့စ်အနေနဲ့ ပင်နယ်တီကန်ဖို့ သီးသန့်အတွက်ပဲ ရမ်ဆေးကို ထည့်သွင်းတာဖြစ်တယ်လို့ ပရိသတ်တွေက ယုံကြည်နေကြပါတယ်။

ဒါပေမယ့် တကယ်တမ်း ပင်နယ်တီအဆုံးအဖြတ်မှာတော့ နှစ်ဖက်အသင်းကစားသမားတွေထဲမှာ ရမ်ဆေးတယောက်တည်း ပင်နယ်တီဝင်အောင် မကန်နိုင်ခဲ့ဘဲ နောက်ဆုံးမှာ ဖရန့်ဖတ်က ပင်နယ်တီအဆုံးအဖြတ် ၅-၄ ဂိုးနဲ့ အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။ ရိန်းဂျားစ်အတွက်တော့ နှစ်ပေါင်း (၅၀) အတွင်း ပထမဆုံး ဥရောပဖလားမျှော်လင့်ချက်နဲ့ ထပ်မံ လွဲချော်ခဲ့ရတာပါ။

ရမ်ဆေးရဲ့ ပင်နယ်တီကို ဖရန့်ဖတ်ဂိုးသမား ကီဗင်ထရပ်က ကာကွယ်နိုင်ခဲ့တာဖြစ်ပြီး အဲ့ဒီပွဲအပြီးမှာတော့ ရမ်ဆေးအပေါ် ဝေဖန်လှောင်ပြောင်မှုတွေရှိနေပါတယ်။ ပရိသတ်တွေက ရမ်ဆေးကို အသင်းဟောင်း အာဆင်နယ်အကြောင်းပါ အစဆွဲထုတ်ပြီး လှောင်ပြောင်နေကြတာဖြစ်ပါတယ်။

ရမ်ဆေးဟာ အာဆင်နယ်ကစားသမားဘဝမှာ ဒဏ်ရာပြဿနာကြောင့် ယူရိုပါလိဂ်ဗိုလ်လုပွဲကို လွဲချော်ခဲ့ရသလို အာဆင်နယ်ကလည်း ချဲလ်ဆီးကို ၄-၁ ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့တာကြောင့် ယူရိုပါလိဂ်ဖလားနဲ့ လွဲချော်ခဲ့ရပါတယ်။ အဲ့ဒါကြောင့်လည်း ပရိသတ်တွေက “ရမ်ဆေးက အာဆင်နယ်ကို ထားခဲ့ပေမယ့် အာဆင်နယ်ကတော့ ရမ်ဆေးကို မထားသွားပါဘူး”

“ရမ်ဆေးရဲ့သွေးကြောတွေထဲမှာ အာဆင်နယ်သွေးတွေ အခုချိန်ထိ စီးဆင်းနေဆဲပါ” လို့ အမျိုးမျိုး လှောင်ပြောင်ခဲ့ကြပါတယ်။ ရမ်ဆေးဟာ ရိန်းဂျားစ်နဲ့ လာမယ့်နွေရာသီမှာ အငှားစာချုပ် သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အနာဂတ်အတွက်တော့ မဆုံးဖြတ်ရသေးပါဘူး။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က