ချမ်ဘာလိန်ကို ပွဲကစားခွင့်ပေးရင် ပိုက်ဆံထပ်ပေးရမှာစိုးလို့ အရံခုံမှာထားခဲ့တာပါ။

အာဆင်နယ်ဟာ ဟိုက်ဘူရီကနေ အမ်းမရိတ်စ်ကို ပြောင်းရွှေ့လာပြီးတဲ့နောက် ဘဏ္ဍာရေးအခြေအနေကို ထိန်းညှိနိုင်ဖို့ ကစားသမားခေါ်ယူမှု ကောင်းကောင်းမလုပ်နိုင်ခဲ့သလို အသင်းမှာရှိတဲ့ ကစားသမားကောင်းတွေကိုလည်း လက်လွှတ်ခဲ့ရပါတယ်။



လက်ရှိအချိန်မှာ ချမ်ဘာလိန်နဲ့ ပတ်သက်လို့ The Transfer Market က ဖွင့်ချမှုတခုပြုလုပ်ခဲ့ပြီး ဒီအထဲမှာ အာဆင်နယ်တို့ ဘယ်လောက်အထိ ငွေကို ခြစ်ကုပ်သုံးစွဲခဲ့သလဲဆိုတာ သိသာထင်ရှားစေခဲ့ပါတယ်။ ချမ်ဘာလိန်ဟာ (၂၀၁၁) မှာ ဆောက်သမ်တန်ကနေ အာဆင်နယ်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အာမခံချက်ရှိတဲ့ ကြယ်ပွင့်ကစားသမားဖြစ်ခဲ့တာပါ။

ဒါပေမယ့် သူက အာဆင်နယ်မှာ ဘယ်တော့မှ ပုံမှန်နေရာမရခဲ့ဘဲ ဒီအပေါ်မှာ အသင်းပရိသတ်တွေကပါ အံ့အားသင့်ခဲ့ရပါတယ်။ အဲ့ဒီနောက် (၂၀၁၇) မှာတော့ ချိမ်ဘာလိန်တယောက် လီဗာပူးကို ပြောင်းရွှေ့သွားခဲ့ရပါတယ်။

ဒီလိုမျိုး အာဆင်နယ်မှာ ချိမ်ဘာလိန် ရုန်းကန်ခဲ့ရတာက အကြောင်းမဲ့သပ်သပ်မဟုတ်ဘဲ သူ့ကိုခေါ်ယူခဲ့တုန်းက အာဆင်နယ်နဲ့ ဆောက်သမ်တန်တို့အကြား ချုပ်ဆိုထားတဲ့ စာချုပ်ပါ အချက်အလက်တွေကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ The Transfer Market ရဲ့ ဖော်ပြချက်အရ “(၂၀၁၁) မှာ အာဆင်နယ်ကို ချိမ်ဘာလိန် ရောက်လာပြီးနောက်ပိုင်း ပရိသတ်တွေက သူ ပွဲကစားခွင့်မရတဲ့အပေါ် စိတ်ပျက်ခဲ့ရပါတယ်”

“သူက လူစားလဲရုံလောက်ပဲ အသုံးပြုခံခဲ့ရတယ်၊ မကြာခဏဆိုသလို မိနစ် (၇၀) ဝန်းကျင်လောက်မှ ကွင်းထဲ ရောက်လာပါတယ်။ ဒါပေမယ့် သူ့ရဲ့ စာချုပ်ပါအချက်အလက်တွေ ပေါက်ကြားလာတဲ့နောက် ဒီကိစ္စက တော်တော်လေး ရှင်းလင်းသွားပါတယ်”

“ချိမ်ဘာလိန် မိနစ် (၂၀) နဲ့ အထက် ကစားပြီးတဲ့အချိန်တိုင်းမှာ အာဆင်နယ်က ဆောက်သမ်တန်ကို ပေါင် (၁) သောင်းပေးရမယ်ဆိုပြီး ချုပ်ဆိုထားတာကြောင့်ပါ” လို့ ဖွင့်ချပြသွားခဲ့တာပဲဖြစ်ပါတယ်။ 

Share

က္က