ယူနိုက်တက်နိုင်ခဲ့ပေမယ့် ပင်နယ်တီ ဆက်ကန်ခဲ့ရတာပါ။

မနေ့က မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ အာဆင်နယ်တို့ရဲ့ ပွဲကတော့ သာမန်ပွဲကစားချိန်အတွင်း ဂိုးရလဒ်အဖြေပေါ်ခဲ့ပေမယ့် ပွဲအပြီးမှာတော့ ပင်နယ်တီအဆုံးအဖြတ် ထပ်မံခံယူခဲ့ရပါတယ်။ ဒီပွဲမှာ ယူနိုက်တက်က ဘရူနိုဖာနန်ဒက်စ် ဆန်ချိုတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ သာမန်ပွဲကစားချိန်အတွင်း နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာပါ။



ဒါပေမယ့် ထူးဆန်းစွာနဲ့ပဲ အနိုင်အရှုံး အဖြေပေါ်ထားတဲ့ ဒီပွဲမှာ ပင်နယ်တီအဆုံးအဖြတ် ထပ်မံခံယူခဲ့ရပြီး ယူနိုက်တက်ကပဲ ၅-၃ ဂိုးနဲ့ အာဆင်နယ်ကို ထပ်မံ အနိုင်ရရှိခဲ့ပါတယ်။ သာမန်အားဖြင့် ပွဲတစ်ပွဲက အရှုံးအနိုင် အဖြေမပေါ်ဘဲ သရေကျနေမှသာ အချိန်ပို ဒါမှမဟုတ် ပင်နယ်တီ အဆုံးအဖြတ် ခံယူရလေ့ရှိတာပါ။

ယူနိုက်တက်နဲ့ အာဆင်နယ်တို့ပွဲမှာတော့ အခုလိုပဲ ပင်နယ်တီ ထပ်မံကန်သွင်းခဲ့တာဖြစ်ပြီး တယ်လီဂရပ်ရဲ့ သတင်းထောက် ဂျိမ်းစ်ဒက်ကာကတော့ ဒီအကြောင်းရင်းကို ဖွင့်ဟခဲ့ပါတယ်။ ဂျိမ်းစ်ဒက်ကာက “ပွဲရလဒ် ဘယ်လိုပဲ ထွက်ပေါ်ခဲ့ပါစေ၊ ဒီပွဲကို ပင်နယ်တီထပ်ကန်ဖို့ စီစဉ်ခဲ့ပါတယ်။ ဒါက နှစ်သင်းကြား သဘောတူညီချက်နဲ့လည်း ဖြစ်ပါတယ်”

“တန်ဟက်ခ်ရော၊ အာတီတာရော နှစ်ယောက်လုံးက ဒီလိုမျိုး ပရိသတ်အများကြီးရှေ့မှာ ပင်နယ်တီကန်သွင်းတာက ပင်နယ်တီလေ့ကျင့်ဖို့အတွက် အခွင့်အရေးကောင်းအဖြစ် သဘောတူညီခဲ့ကြပြီး ဒါက သူတို့နှစ်သင်းရဲ့ ရာသီကြိုပြင်ဆင်မှု အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။

အမေရိကန်နိုင်ငံ၊ နယူးယော့ချ်မြို့မှာ ကစားခဲ့တဲ့ ဒီပွဲကို ပရိသတ်ပေါင်း (၈၂,၀၀၀) ကျော် လာရောက်ကြည့်ရှုခဲ့ပြီး ပွဲအတွက် လက်မှတ်တွေကိုလည်း ကုန်စင်အောင် ရောင်းချနိုင်ခဲ့ပါတယ်။ ယူနိုက်တက်အတွက်ကတော့ ရာသီကြိုခြေစမ်းပွဲ (၃) ပွဲ ကစားပြီးချိန်မှာ (၃) ပွဲလုံးကို အနိုင်ကစားထားပြီး ခံစစ်ပိုင်းကလည်း ပေးဂိုးတစ်ဂိုးမှမရှိသေးတာကြောင့် ကျေနပ်စရာ ရာသီကြိုကာလကို ဖြတ်သန်းနေတာလည်း ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က