အာဆင်နယ်ရဲ့ ဇန်နဝါရီကစားသမားသစ်ဖြစ်တဲ့ ဂျော်ဂျင်ညိုက အမ်းမရိတ်စ်ကို ပြောင်းရွှေ့လာပြီးကတည်းက အသင်းဖော်သစ် ဂရာနစ် ချာကာရဲ့ မတူညီတဲ့ ဘက်တစ်ခုကို မြင်တွေ့ခဲ့တယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
ချဲလ်ဆီးကြယ်ပွင့်ဟောင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလပိတ်ခါနီးမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူတွေဆီကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး သောမတ်စ် ပါတေး ဒဏ်ရာရရှိသွားမှုကြောင့် အီတလီကွင်းလယ်လူဟာ ချက်ချင်း အထင်ကြီးအောင်လုပ်ပြနိုင်မယ့်အခွင့်အရေး ရရှိခဲ့တာဖြစ်ပါတယ်။
နာပိုလီကြယ်ပွင့်ဟောင်းက အဲဒီအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ခဲ့တာဖြစ်ပြီး အာတီတာရဲ့ တိုးတက်လာတဲ့အသင်းမှာ လွှမ်းမိုးမှုအရှိဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ချာကာနဲ့ အတွဲညီညီ ကစားနိုင်ခဲ့တာဖြစ်ပါတယ်။
"ဟုတ်ပါတယ်။ ကျွန်တော် ပျော်ရွှင်ပါတယ်။ ကျွန်တော်တို့ အရင်တုန်းက ကွင်းထဲမှာ နည်းနည်းတိုက်ပွဲတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ကွင်းပြင်ပမှာတော့ သူက တကယ်ကို သဘောကောင်းတဲ့သူဖြစ်ပြီး ကျွန်တော်တို့အခုဆိုရင် ရယ်ကာမောကာနဲ့ ဖြစ်နေကြပါပြီ။ ကွင်းပြင်ပမှာ ကျွန်တော် ဒီနားတဝိုက် ညစာသွားစားနိုင်မယ့်နေရာကို မေးမြန်းခဲ့ပြီး သူက ကျွန်တော့်အတွက် ဘွတ်ကင်လုပ်ပေးခဲ့ပြီး ပိုက်ဆံပါ ပေးမရှင်းဘဲ သူပဲ ပေးသွားခဲ့တယ်။ အဲဒီတော့ အဲဒါအတွက် ကျေးဇူးအများကြီး တင်ပါတယ်။ သူက တကယ်ကို သဘောကောင်းတဲ့သူဖြစ်ပြီး သူ့ရဲ့ တခြားအစိတ်အပိုင်းတစ်ခုကို ကျွန်တော် မြင်နိုင်ခဲ့တာ ဝမ်းသာပါတယ်"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။