ဝင်းဂါးကတော့ စပါးနဲ့ပတ်သက်လို့ သုံးသပ်ခဲ့တာပါ။

အာဆင်နယ်ရဲ့ ဂန္တဝင်နည်းပြဟောင်းကြီး အာစင်ဝင်းဂါက စပါးဟာ လက်ရှိရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်ဖို့ အကောင်းဆုံး အနေအထားဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ စပါးဟာ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားတဲ့ ကစားသမားပါ။



သူတို့အနေနဲ့ လက်ရှိအချိန်အထိ ရရှိနိုင်တဲ့ ရမှတ် (၃၀) အနက် ရမှတ် (၂၆) မှတ်အထိ ဆွတ်ခူးထားနိုင်ပါတယ်။ ဒါ့အပြင် ဒီရာသီ ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိသေးတဲ့ အသင်းတစ်သင်းအဖြစ်လည်း ပရိသတ်တွေကို ဖျော်ဖြေပေးလျက်ရှိပါတယ်။
အဲ့ဒါကြောင့်လည်း အာစင်ဝင်းဂါးက “ခင်ဗျားတို့ ကျွန်တော့်ကို စပါးနဲ့ ပတ်သက်လို့ မေးမြန်းတဲ့အပေါ် လှည့်ဖျားတယ်လို့ ကျွန်တော် မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ကိုယ်ခံစားရတာကို အမှန်အတိုင်း ဖြေဆိုတာကြောင့်ပါ”
“နက်နက်ရှိုင်းရှိုင်းပြောရရင် စပါးက ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အသင်းတွေထဲက တစ်သင်းဖြစ်လာနိုင်ပါတယ်။ သူတို့က မက်ဒီဆန်လိုမျိုး ကွင်းလယ်ခံစစ်ကနေ တိုက်စစ်ကို ချိတ်ဆက်နိုင်တဲ့ နည်းဗျူဟာပိုင်းအရ ဖန်တီးနိုင်စွမ်း မြင့်မားတာမျိုးကို အသင်းမှာ ထပ်ပေါင်းထည့်ခဲ့ပါတယ်”
“နောက်ပြီး မက်ဒီဗန်လိုမျိုး ထူးခြားကောင်းမွန်တဲ့ ကစားသမားမျိုးကို ခေါ်ယူခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ သူတို့က နောက်တန်းမှာ အားနည်းချက်ရှိခဲ့သလို ဂိုးသမား လိုရစ်ကလည်း အကောင်းဆုံးရာသီတစ်ခုကို မပိုင်ဆိုင်နိုင်ခဲ့ပါဘူး။ အတွင်းထဲကို ဝင်ရောက်လှုပ်ရှားတဲ့ ဆွန်ဟောင်မင်ရဲ့ ကစားပုံတွေကလည်း တကယ်ကို ကောင်းမွန်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က