အရမ်းချစ်တာနော်။

ငွေဇင်လှိုင်းက သူသိပ်ချစ်ရတဲ့ သူတွေနဲ့ဆုံရလို့ ပျော်နေတာပါ။ သက်မွန်ဟာ ငွေဇင်လှိုင်း ချစ်ရတဲ့ အနုပညာရှင်တစ်ဦးဖြစ်သလို အားချစ်လေးကလည်း သူမရဲ့ အသည်းကျော်လေးပါ။

Photo : ငွေဇင်လှိုင်း

Myanmar Idol Season 3 က ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ အဆိုတော် ငွေဇင်လှိုင်းက သူချစ်ရတဲ့ သက်မွန်မြင့်နဲ့ အားချစ်လေတို့ကို တွေ့ဆုံရလို့ ပျော်နေပါတယ်။ ငွေဇင်လှိုင်းဟာ သူချစ်ရတဲ့ ချစ်သူတွေနဲ့အတူ ရှိရတဲ့ နေရက်တိုင်းက လှပလို့နေပါတယ်ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

နေ့ရက်တိုင်းဟာ လှပနေပါတယ် အချစ်တွေနဲ့ အတူရှိရတယ်” ဆိုပြီး မေလ(၂၁) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားသလို သက်မွန်တို့နဲ့အတူ ရိုက်ထားတာ ပုံလေးကို တင်ထားတာတွေ့ရပါတယ်။

Photo : ငွေဇင်လှိုင်း

 သက်မွန်ဟာ သူမချစ်ရတဲ့ အနုပညာရှင်တစ်ဦးဖြစ်သလို ငွေဇင်လှိုင်း ပြိုင်ပွဲဝင်စဉ်ကလည်း သက်မွန်က အားပေးခဲ့တာ တွေ့ရပါတယ်။ သက်မွန်မြင့်ဟာ ငွေဇင်လှိုင်း Fan Meeting လုပ်တုန်းကလည်း ငွေဇင်လှိုင်းဆီ သွားရောက်ခဲ့တာတွေ့ရပါတယ်။ သူတို့နှစ်ယောက်ရဲ့ ခင်မင်မှုလေးက အရမ်းကို ချစ်ဖို့ကောင်းလှပါတယ်။  ငွေဇင်လှိုင်းဟာ Myanmar Idol Season 3 ရဲ့ ပြိုင်ပွဲဝင်တစ်ဦးဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှု ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

Photo : ငွေဇင်လှိုင်း

ပြိုင်ပွဲမှာ တစ်ဆင့်ချင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ပေမယ့်လည်း Myanmar Idol Season 3 (Top-4+1) Result Show မှာ ပရိသတ်တွေကို နှုတ်ဆက် ခဲ့ရပါတယ်။ အခုတော့ သူမဟာ ဖျော်ဖြေပွဲတွေ သွားနေရပြီဖြစ်သလို ပရိသတ်တွေအတွက် သီချင်းသစ်တွေ နားဆင်နိုင်အောင် ဖန်တီးလျက်ရှိပါတယ်။

Share

က္က