အလုပ်တွေ မပြီးပြတ်သေးလို့တဲ့။

ပိုင်တံခွန်ရဲ့ အဖွားဟာ ဒီနေ့(ဖေဖော်ဝါရီ ၂၈ရက်)မှာ ကွယ်လွန်သွားတယ်လို့သိရပါတယ်။ အဖွားရဲ့ နာရေးကို မသွားနိုင်တဲ့အတွက်လည်း ပိုင်တံခွန်တစ်ယောက် အရမ်းစိတ်မကောင်းဖြစ်လို့နေပါတယ်။

 

Photo : ပိုင်တံခွန်



သရုုပ်ဆောင် ပိုင်တံခွန်ဟာ အဖွားဖြစ်သူရဲ့ နောက်ဆုံးခရီးကို မမီလိုက်တဲ့အတွက် စိတ်မကောင်းဖြစ်လို့နေသလို အလုပ်တွေကြောင့် အဖွားရဲ့ နားရေးကို မသွားနိုင်တဲ့အတွက်လည်း ဝမ်းနည်းလို့နေပါတယ်။ အဖွားရဲ့ သတင်းကိုကြားပြီး သူ့အနေနဲ့ အရမ်းကို စိတ်မကောင်းဖြစ်နေသလို အခုချိန်မှာ သူ့ရဲ့မိခင် ဘယ်လိုများ ခံစားနေရမလဲဆိုတာတွေးပြီး စိတ်ပူလို့နေပါတယ်။

1:30 ရင်ထဲမှာ ဆို့နစ်အောင်ခံစားရပါတယ် ဖွားဖွား ခုချိန်အမေ့ ရင်ထဲမှာလည်း ပူလောင်နေမှာပါ။ မပြီးပြတ်သေးတဲ့ အလုပ်တွေကြောင့် အဖွားနာရေး သားပြန်လာချင်လဲ အရောက်မလာနိုင်ခဲ့တာ အမျိုးတွေအားလုံးကို နားလည်စေချင်ပါတယ်”လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဖေဖော်ဝါရီ(၂၈)ရက်နေ့က ရေးသားထားပါတယ်။

Photo : ပိုင်တံခွန်

ပိုင်တံခွန်ရဲ့ အဖွားဟာ ဒီနေ့မှာ ကွယ်လွန်သွားခဲ့တာပါ။ အဖွားနဲ့ အတူ ရိုက်ထားတဲ့ ပုံလေးတွေကို တင်ပြီး ပိုင်တံခွန်တစ်ယောက် စိတ်မကောင်းဖြစ်လို့နေပါတယ်။ အဖွားအတွက် စိတ်မကောင်းဖြစ်နေတဲ့ ပိုင်တံခွန်ကို သူ့ရဲ့ ပရိသတ်တွေကလည်း အားပေးစကားတွေ ပြောပေးထားကြပါသေးတယ်။

Photo : ပိုင်တံခွန်

ပိုင်တံခွန်က လက်ရှိမှာ ပွဲတွေ တော်တော်များများ တက်ရောက်ဖြစ်နေပြီး အနုပညာအလုပ်တွေ ဆက်တိုင်ဆိုသလို လုပ်နေတာလည်း တွေ့ရပါတယ်။ ဒါ့အပြင် သူ့နာမည်နဲ့ ကိုယ်ပိုင် Brand တစ်ခု ထွက်ဖို့ကိုလည်း ပြင်ဆင်နေပါတယ်။

“ေလာလောဆယ်မှာ ယောကျ်ားလေးရော၊ မိန်းကလေးရော သုံးလို့ရမယ့် ပစ္စည်းတစ်ခုကို ကျွန်တော် ထုတ်နေတယ်။ သိပ်မကြာခင်မှာ ပရိသတ်လက်ထဲကို ကျွန်တော် ထည့်ပေးမယ်။ ဒါပေမယ့် အဲ့ဒါ ဘာပစ္စည်း ဘာ Brand လဲ လို့မေးရင် ကျွန်တော် ဖြေလို့မရသေးဘူး။ Brand နဲ့ ပတ်သက်ပြီး မပြီးမြောက်သေးတဲ့ ကိစ္စတွေလည်းရှိနေတော့ အမှားအယွင်းဖြစ်မှာကိုလည်း ကျွန်တော် စိုးရိမ်တယ်''လို့ Duwun Media သို့ ဖြေဆိုဖူးပါတယ်။

Photo : ပိုင်တံခွန်

မော်ဒယ်အလုပ်မှာအောင်မြင်သလို၊ သရုပ်ဆောင်အလုပ်မှာလည်း တဖြည်းဖြည်းနဲ့ ရိုက်ကူးရေးတွေများလာတဲ့ ပိုင်တံခွန်(Paing Takhon) က ဂီတဘက် ကိုလည်း ဝါသနာပါတာကြောင့် သူ့ရဲ့ တစ်ကိုယ်တော် Mini Album လေးဖြစ်တဲ့ ချစ်သူ ဆိုတဲ့ တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ မှာ ထွက်ရှိခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က