အသင်းရဲ့ကစားပုံဟာ ဆိုးရွားနေပြီး ရန်းနက်စ်ကို အံ့အားသင့်ဖွယ်ရှုံးနိမ့်ခဲ့တာပါ။

အာဆင်နယ်အသင်းရဲ့တိုက်စစ်မှူးဟောင်းက အူနိုင်းအမ်မရီရဲ့အာဆင်နယ်အသင်းဟာ ထိပ်တန်းပြိုင်ဘက်တွေရဲ့ နောက်ကို ကျဆင်းရမယ့်အခြေအနေကို ရောက်ရှိနေပြီး ရှေ့က အောင်မြင်ခဲ့တဲ့လူတွေ ကစားခဲ့တဲ့အတိုင်း ကစားရမယ်လို့ ပြောကြားခဲ့ပါတယ်။

ချာလီနီကိုးလတ်စ်ဟာ အသင်းဟောင်း အာဆင်နယ်အသင်းကို ပြစ်တင်ဝေဖန်လိုက်တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီ အာစင်ဝင်းဂါးလက်ထက်က အာဆင်နယ်အသင်းထက် ယခုနှစ် အူနိုင်းအမ်မရီရဲ့ အာဆင်နယ်အသင်းက အခြေအနေ ပိုမိုဆိုးရွားတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။



အာဆင်နယ်အသင်းဟာ မန်ယူ၊ စပါးနဲ့ ချယ်ဆီးအသင်းတို့ ဥရောပမှာအောင်ပွဲတွေရရှိနေချိန်မှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ညနေက ယူရိုပါလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ပထမအကျော့ပွဲစဉ်အဖြစ် ရန်းနက်စ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ၃ ဂိုး ၁ ဂိုးနဲ့ အရှက်ရဖွယ် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

Sky Sports’ Soccer Saturday မှာ ဘောလုံးကျွမ်းကျင်သူအဖြစ် တင်ဆက်နေတဲ့ ချာလီနီကိုးလတ်စ်က လွန်ခဲ့တဲ့ ၁ နှစ်ကထက် လက်ရှိအာဆင်နယ်အသင်းဟာ ပိုမိုဆိုးရွားနေလား၊ မဆိုးရွားဘူးလားဆိုတဲ့ မေးခွန်းကို အခုလို ဖြေကြားသွားခဲ့ပါတယ်။

“ကျွန်တော် အချိန်တိုင်း အဲဒီကိစ္စကို ပြောခဲ့ပါတယ်။ ခံစစ်ပိုင်းကလည်း ရှုပ်ယှက်ခတ်။ ခေါင်းဆောင်မှုအပိုင်းနဲ့ လမ်းညွှန်မှုအပိိုင်းလည်း မရှိ”

“ပီတာချက် ပြန်လာတာတောင်မှ ဘာမှမထူးလာဘူး။ သူ ဘာကြောင့် ‘ကျွန်တော် တော်ပြီ’လို့ ပြောဖို့ ဆုံးဖြတ်ခဲ့လည်းဆိုတာ ကျွန်တော် တကယ်မြင်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူ အာဆင်နယ်ကို လာခဲ့တဲ့အချိန်ကတည်းက ဘာမှ မရပေမယ့် သူ့အတွက်ကတော့ ကြိုးစားပြီး လုပ်နေရတယ်”

“သူက ကမ္ဘာ့အဆင့်ဂိုးသမားပါ။ သူ အာဆင်နယ်အသင်းကို လာပြီး သူ တတ်နိုင်သလောက် အကောင်းဆုံး ဗဟုသုတတွေအနည်းငယ်နဲ့ အကူအညီတွေ ပေးဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီလို လုပ်ခဲ့သလောက် သူတို့က နားမထောင်ခဲ့ဘူးဆိုရင်တော့ မတတ်နိုင်ဘူးလေ။ သူတို့တွေ ကစားပါတယ်။ တကယ်ပြောတာပါ။ တစ်ယောက်ချင်းစီအနေနဲ့ကစားတာ”လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က