မြန်မာနိုင်ငံကို ၃ လ အလည် ပြန်လာဖြစ်တယ်။

အောင်ရင်ကတော့ သားဖြစ်သူ မိုးအောင်ရင်နဲ့ အတူတူနေချင်တာကြောင့် မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိနေတာဖြစ်ပါတယ်။ သားနဲ့ အတူတူ သီချင်းတွေ ဆိုဖို့လည်းရှိတယ်လို့ ဆိုပါတယ်။

Photo: Aung Yin



အောင်ရင်ကတော့ သားနဲ့ အတူတူနေချင်လို့ မြန်မာနိုင်ငံကို ၃ လ အလည်ပြန်ရောက်နေပြီလို့ ဆိုပါတယ်။ သားနဲ့ အတူတူနေရတဲ့ အချိန်လေးတွေအပေါ် သူ့ရဲ့ ခံစားချက်တွေကို မီဒီယာ အင်တာဗျူးတွေကနေတဆင့် ရင်ဖွင့်ပြောပြခဲ့ပါတယ်။

‘’ကျွန်တော်ကတော့ သားနဲ့ အတူတူ အားတဲ့ အချိန်လေးမှာ အတူတူနေချင်တယ်ဆိုတော့ ၃ လပြန်လာတယ်။ သမီးဆီသွားတုန်းကလည်း ၃ လ နဲ့ တစ်ပတ်ကျော် သွားတယ်။ ပြီးတော့ ကျွန်တော့်အလုပ်လေးတွေလည်းရှိတယ်။ သီချင်း အသစ်တွေလည်း လုပ်နေတယ်။ တေးသံသာကနေ ၂ ပုဒ် ထုတ်ဖို့ရှိတယ်။ အောက်တိုဘာလ ၂၈ ရက်နေ့မှာတော့ အောင်ရင်၊ ဟေမာနေဝင်း ဆိုတဲ့ Show ပွဲလေးကို စင်ကာပူမှာ လုပ်ဖို့ရှိပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Aung Yin

မိုးအောင်ရင်ကလည်း ဖခင်ဖြစ်သူ အောင်ရင်နဲ့ အတူ စင်ကာပူမှာ ပြုလုပ်မယ့် ဖျော်ဖြေပွဲမှာ သီချင်းဆိုဦးမယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ အောင်ရင်ကလည်း မိုးအောင်ရင်အတွက် ကိုယ်ပိုင်သီချင်းလေးတွေ လုပ်ပေးဦးမယ်လို့ ပြောပါတယ်။

‘’ သူက ဆိုမယ်ဆိုရင် ကိုယ်ပိုင်သီချင်းလေး ရှိအောင်လုပ်၊ ကိုယ်ပိုင်သီချင်းလေးနဲ့ ဆိုရရင် ပိုပြီးတော့ ကောင်းမယ်ပေါ့။ အဲ့ဒီအတွက် အခု သူ့ကို သီချင်းရှာခိုင်းထားတယ်။ ကျွန်တော်လည်း သူ့ကို သီချင်းရှာပေးမှာပါ။ အခွင့်အရေးပေါ်လာရင်တော့ အတူတူဆိုမှာပါ။ အခုက ဆိုင်ပွဲတွေမှာဆိုရင် သားအဖနှစ်ယောက် အတူတူဆိုဖို့ လာဖိတ်တာတွေရှိတယ်။ အဲဒီလိုကျတော့လည်း ကျွန်တော်ကိုယ်တိုင်က မဆိုချင်ဘူး သားနဲ့ ဆိုတော့ ပိုဆိုးတာပေါ့’’ ဆိုပြီးတော့ အောက်တိုဘာလ ၂၂ ရက်နေ့ညက ‘’သုံးယောက်ပေါင်း လောင်းကျော်’’ရုပ်ရှင်ကားကြီး အထူးပြသပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Aung Yin

မိုးအောင်ရင်ကတော့ သူ့ကို ဖခင်ဖြစ်သူက အသွားအလာတွေမှာ စိတ်မချသေးဘူးလို့ ဆိုပါတယ်။ ဒီစကားအပေါ်မှာ အောင်ရင်ကလည်း အခုလို ပြန်လည်ပြောပြလာပါတယ်။

‘’သူများကိုပြောတာထက်စာရင် ကိုယ့်သားက ကိုယ့်ကို ပြန်ပြောတာ ပိုကောင်းတာပေါ့နော်။ ပိုစိတ်ချရတယ်။  သူကလည်း သူ့ဘာသာသူ သိပြီးတော့ သူ့ဘာသာသူပြန်ပြောတာပါ။ သူ့ကိုလည်း Checking တော့ မလုပ်တော့ပါဘူူး။ သူ့ဘာသာသူ ပြောတာပါ ဒီနေ့ ဘယ်တွေသွားတယ်။ ဘယ်သူတွေနဲ့ တွေ့တယ်။ သားအဖ သံယောဇဉ်ကတော့ ပုံမှန်လိုပါပဲ။ ဂရုစိုက်မှုတွေက အရင်လိုပါပဲ’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: Aung Yin

အောင်ရင်ကတော့ ဂီတလောကမှာ အောင်မြင်နေတဲ့ ဝါရင့်အဆိုတော်ကြီးတစ်ယောက်ဖြစ်ပါတယ်။ တစ်ကိုယ်တိုင် အခွေတွေလည်း အများကြီးထွက်ခဲ့ဖူးသလို သူ့ရဲ့ ကိုယ်ပိုင်သီချင်းတစ်ပုဒ်ချင်းစီတိုင်းကလည်း အောင်မြင်ခဲ့တာတွေအများကြီးပါ။ အခုလက်ရှိမှာတေော့ အမေရိက မှာ အခြေချနေထိုင်နေတာ တွေ့ရပါတယ်။ သူ့ရဲ့ အနုပညာမျိုးဆက်တစ်ဦးဖြစ်တဲ့ မိုးအောင်ရင်ကတော့ ဂီတအပိုင်းကို ဝါသနာနည်းပေမယ့် သရုပ်ဆောင်ဘက်ကိုတော့ တစိုက်မတ်မတ် ဆောင်ရွက်နေတာ တွေ့ရပါတယ်။ မိုးအောင်ရင်ကိုတော့ တီဗီကြော်ငြာတွေ၊ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ ပိုအားပေးလာကြတာဖြစ်ပါတယ်။ အဲဒီနောက် အဆိုတော် အောင်ရင်ရဲ့ သားဖြစ်တာကြောင့်လည်း ပိုပြီးတော့ သတိထားမိခဲ့ကြပါသေးတယ်။ 



Share

Loading Next Article...
က္က