လက်ရှိမှာ အသင်းရဲ့လေကျင့်ရေးကွင်းကို ယာယီပိတ်သိမ်းထားပြီး အာတီတာကိုလည်း သီးခြားခွဲထုတ်မှုပြုလုပ်ကာ လိုအပ်တာတွေဆောင်ရွက်ပေးနေတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အာဆင်နယ်အသင်းနည်းပြ အာတီတာဆီမှာ ကိုရိုင်နာဗိုင်းရပ်စ်ပိုးကူးစက်ခံနေရတယ်လို့ အာဆင်နယ်အသင်းက တရားဝင်အတည်ပြုသွားခဲ့ပြီဖြစ်ပါတယ်။ လက်ရှိမှာ အသင်းရဲ့လေကျင့်ရေးကွင်းကို ယာယီပိတ်သိမ်းထားပြီး အာတီတာကိုလည်း သီးခြားခွဲထုတ်မှုပြုလုပ်ကာ လိုအပ်တာတွေဆောင်ရွက်ပေးနေတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
လက်စတာစီးတီးကစားသမား ၃ဦးကို သံသယဖြစ်နေတာကြောင့် စစ်ဆေးမှုတွေပြုလုပ်နေချိန််မှာပဲ အာတီတာရဲ့ သတင်းဆိုးကထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ စပိန်လူမျိုးနည်းပြကတော့ သူ့ရဲ့အဖြစ်အတွက် တော်တော်လေးစိတ်ပျက်မိတယ်လို့ ပြောဆိုခဲ့ပေမယ့် မကြာခင်မှာ သူ့ကို အကောင်းဆုံးပုံစံနဲ့ မြင်တွေ့ရမယ်လို့ ယုံကြည်နေပါတယ်။
"တော်တော်ကြီးကို စိတ်ပျက်စရာကောင်းပါတယ်၊ ဒါပေမယ့်လည်း စစ်ဆေးမှုတွေပြုလုပ်ပြီးတဲ့နောက် ကျွန်တော့်ခံစားချက်တွေက မကောင်းခဲ့ပါဘူး၊ မကြာခင်တော့ အလုပ်တွေပြန်လုပ်ဖို့အတွက် ခွင့်ပြုချက်ရမှာပါ" လို့ အာတီတာကပြောဆိုခဲ့ကြောင်းသိရပါတယ်။ အာဆင်နယ်အသင်းကလည်း လာမယ့်ပွဲစဉ်တွေကို လုံးဝကစားသွားမှာမဟုတ်ဘူးလို့ ရေးသားပြောဆိုခဲ့ပါတယ်။
အသင်းကစားသမားအားလုံး၊ နည်းပြအဖွဲ့ဝင်တွေနဲ့ အကယ်ဒမီကကစားသမားတွေအတွက်လည်း ကြိုတင်ပြင်ဆင်မှုတွေကို ဆောင်ရွက်ပေးနေတယ်လို့ အာဆင်နယ်အသင်းက အတည်ပြုခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ့ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ဗီနိုင်းဗန်ကာတီရှန်ကတော့ "ကျွန်တော်တို့အားလံးရဲ့ ကျန်းမာရေးနဲ့ ပြည်သူလူထုရဲ့ ကျန်းမာရေးကဦးစားပေးလုပ်ငန်းပါ၊ ဒါကို ကျွန်တော်တို့အာရုံစိုက်ထားပါတယ်၊ မကြာခင်အခြေအနေတွေပြန်ကောင်းမယ်လို့ ယူဆပါတယ်" လို့ ဖွင့်ဟသွားခဲ့ပါတယ်။