အဲဒီအချိန်တုန်းက တော့တင်ဟမ်ဟော့စပါးနည်းပြ မော်ရင်ညိုက ပွဲပြီးအင်တာဗျူးမှာ ဖိအားတွေအောက်ကို ရောက်ရှိနေတဲ့ အာတီတာကို ချီးကျူး ဂုဏ်ပြုခဲ့တာ ဖြစ်ပါတယ်။

ဟိုဆေး မော်ရင်ညိုဟာ အာဆင်နယ်နည်းပြဘဝ အနိမ့်ကျဆုံးအချိန်ကို ရောက်ရှိနေခဲ့တဲ့ အာတီတာကို တစ်ခါတုန်းက အားပေးထောက်ခံခဲ့ဖူးပြီး အချိန်ခရီးသွားများလားလို့တောင် ထင်မှတ်ခဲ့ရပါတယ်။

ဂန်းနားတွေဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညနေမှာ တော့တင်ဟမ်ဟော့စပါးအသင်းကို မြောက်လန်ဒန်ဒါဘီမှာ ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက်ပိုင်း ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ မန်ချက်စတာစီးတီးနဲ့ ၈ မှတ်အကွာမှာ ရပ်တည်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ အမ်းမရိတ်စ်က နည်းပြဘဝအစမှာ ခက်ခဲကြမ်းတမ်းတဲ့ အချိန်များစွာနဲ့ ရင်ဆိုင်ခဲ့ရတဲ့ နည်းပြ အာတီတာအပေါ် ယုံကြည်မှုပေးခဲ့တဲ့ အကျိုးကို ပြန်လည် ခံစားနေရပြီ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်မှာ နည်းပြအတွေ့အကြုံလုံးဝ မရှိတဲ့ အာတီတာလို လူငယ်နည်းပြတစ်ဦးကို ဝါရင့်နည်းပြကြီးတွေတောင် ရုန်းကန်ခဲ့ရတဲ့ အာဆင်နယ်နည်းပြရာထူးကို ခန့်အပ်ခဲ့ချိန်မှာ ပရိသတ်တွေနဲ့ ဘောလုံးဝေဖန်သူတွေကြားမှာ စိတ်ရှုပ်ထွေးခဲ့ကြပြီး စပိန်လူမျိုးနည်းပြဟာ မန်စီးတီးနည်းပြ ဂွါဒီယိုလာလက်အောက်မှာ လက်ထောက်နည်းပြအဖြစ် ၃ နှစ်ကြာ ဆောင်ရွက်ဖူးတဲ့အတွေ့အကြုံသာ ရှိခဲ့တာဖြစ်ပါတယ်။ အာတီတာဟာ အာဆင်နယ်နည်းပြဘဝ ပွဲဦးထွက်ရာသီမှာ အက်ဖ်အေဖလားကို အနိုင်ရရှိခဲ့ပေမယ့်လည်း ဂန်းနားတွေဟာ စပိန်လူမျိုးနည်းပြလက်အောက်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံး ၄ နေရာအတွင်း တစ်ရာသီမှ မပြီးဆုံးနိုင်သေးတာ ဖြစ်ပါတယ်။


အာတီတာရဲ့ အမ်းမရိတ်စ်က ပထမဆုံးရာသီဖြစ်တဲ့ ၂၀၂၀-၂၀၂၁ ရာသီမှာ အဆင့် ၈ နေရာနဲ့ အနိမ့်ကျဆုံး ရပ်တည်မှု ဖြစ်ခဲ့ပြီး အဲဒီရာသီမှာ ဂန်းနားတွေဟာ ၁၃ ပွဲအထိ ရှုံးနိမ့်ခဲ့ရာမှာ အဲဒီထဲက တစ်ပွဲဟာ တော့တင်ဟမ်ဟော့စပါးကွင်းမှာ မော်ရင်ညိုရဲ့ စပါးစ်အသင်းကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဆွန်ဟောင်မင်နဲ့ ဟာရီ ကိန်းတို့ရဲ့ သွင်းဂိုးတွေကြောင့် စပါးစ်အသင်းက နိုင်ပွဲရရှိခဲ့တာဖြစ်ပြီး အဲဒီအချိန်တုန်းက တော့တင်ဟမ်ဟော့စပါးနည်းပြ မော်ရင်ညိုက ပွဲပြီးအင်တာဗျူးမှာ ဖိအားတွေအောက်ကို ရောက်ရှိနေတဲ့ အာတီတာကို ချီးကျူး ဂုဏ်ပြုခဲ့တာ ဖြစ်ပါတယ်။

"ကျွန်တော် မီခေးလ်ကို ကောင်းမွန်တဲ့စကားလုံးတွေနဲ့ ဂုဏ်ပြုစကား ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ သူ ကျွန်တော်တို့ကို အရမ်းခက်ခဲတဲ့ပွဲတစ်ပွဲ ပေးခဲ့လို့ပါ။ နည်းဗျူဟာပိုင်းအရ သူတို့တွေကအရမ်းကောင်းမွန်ခဲ့တယ်။ သူတို့တွေ အရမ်းကောင်းကောင်း စုဖွဲ့ထားခဲ့တယ်။ သူတို့တွေ ၄ ဦးနဲ့ တည်ဆောက်ထားခဲ့တယ်။ ၅ ဦးနဲ့ ခံစစ်ကစားခဲ့တယ်။ ပြီးတော့ ဒုတိယပိုင်းမှာ သူတို့တွေ တောင်ပံမှာ တြိဂံပုံ ကစားကွက် ရှာတွေ့ဖို့ ကြိုးပမ်းခဲ့ပြီး ကျွန်တော်တို့ကို ပြဿနာတွေ ပေးခဲ့တယ်။ ကျွန်တော်တို့ဖြေရှင်းရမယ့် ပြဿနာတွေပေးခဲ့တယ်။ ဘာလို့လဲဆိုတော့ ကစားသမားတွေဟာ အဲဒီအခိုက်အတန့်မှာ ကောင်းမွန်တဲ့နည်းဗျူဟာပိုင်းရင်းနှီးမှုရှိနေခဲ့လို့ပါ။ အဲဒီထက်တောင်ပိုခဲ့တာက သူတို့မှာ မယုံနိုင်စရာစိတ်ဓာတ်ပိုင်းရှိပါတယ်"

"ဒါပေမယ့် သူတို့တွေ ကျွန်တော်တို့ကို ပြဿနာတွေ ပေးခဲ့တယ်။ ဘာလို့လဲဆိုတော့ သူတို့တွေက အသင်းကောင်းဖြစ်ပြီး အာတီတာက နည်းပြကောင်းဖြစ်လို့ပါ။ ဒါပေမယ့် ကျွန်တော်တို့ နိုင်ပွဲရဖို့ထိုက်တန်ခဲ့တယ်လို့ ထင်မိပါတယ်။ ဘာလို့လဲဆိုတော့ အံ့အားသင့်စရာသွင်းဂိုး ၂ ဂိုးသွင်းယူနိုင်ခဲ့လု့ိပါ။ မနက်ဖြန်မှာ သူတို့နဲ့ပတ်သက်ပြီး အမှတ်ပေးဇယားက ကောင်းမွန်တဲ့ရပ်တည်မှုမှာ ရှိမနေတဲ့အကြောင်း ခေါင်းကြီးပိုင်းတွေမှာ ပါလာလိမ့်မယ်လို့ ကျွန်တော် တွေးကြည့်လို့ရပါတယ်။ ဒါပေမယ့် ဒီလိုကစားသမားတွေနဲ့၊ မီခေးလ်နဲ့ဆိုရင် အာဆင်နယ်က နောက်ထပ်တစ်ကြိမ် အာဆင်နယ်ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ မော်ရင်ညိုရဲ့ ပြောစကားဟာ နောက်ထပ် ၂ နှစ်အကြာမှာ မှန်ကန်တယ်ဆိုတာကို သိလာရပြီဖြစ်ပြီး အာဆင်နယ်ဟာ လက်ရှိမှာ အာတီတာရဲ့ နည်းစနစ်တွေ၊ ငယ်ရွယ်ပြီး ၎င်းရဲ့ နည်းဗျူဟာအတိုင်း လိုက်ကစားချင်တဲ့ ကစားသမားတွေနဲ့ ပြီးပြည့်စုံတဲ့အသင်းဖြစ်နေပြီဖြစ်ပါတယ်။

Share

Loading Next Article...
က္က