မန်ချက်စတာစီးတီးအသင်းဟာ အာဆင်နယ်နောက်ခံလူ ကီရန် တီယာနီကို ယခုနွေရာသီမှာ ခေါ်ယူသွားဖို့ အံ့အားသင့်ဖွယ် စီစဉ်နေတယ်လို့ သတင်းသစ်တွေအရ သိရပါတယ်။
တီယာနီဟာ ၂၀၁၉ ခုနှစ် နွေရာသီမှာ ဆဲလ်တစ်အသင်းကနေ အာဆင်နယ်ကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး စကော့တလန်မှာ ကစားခဲ့တုန်းက ရရှိခဲ့တဲ့ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးနောက် ဂန်းနားတွေရဲ့ အဓိကကစားသမားတစ်ဦး ဖြစ်လာခဲ့တာဖြစ်ပါတယ်။
၂၀၂၀ ဇွန်လအတွက် အသင်းရဲ့ တစ်လတာအကောင်းဆုံးကစားသမားဆုရရှိခဲ့တဲ့ တီယာနီဟာ အဲဒီနှစ် ချဲလ်ဆီးအသင်းကို အနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲအတွက် ပွဲထွက် ၁၁ ဦးစာရင်းထဲမှာ ပါဝင်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ပြီးခဲ့တဲ့ရာသီတွေမှာ ဒဏ်ရာပြဿနာတွေက စကော့တလန် နောက်ခံလူကို အကျိုးသက်ရောက်မှုရှိခဲ့တာဖြစ်ပြီး ယခုရာသီမှာ ဘယ်နောက်ခံနေရာအတွက် ဇင်ချန်ကိုရဲ့ နောက်မှာ ပွဲထွက်ခွင့်ရတဲ့ ကစားသမားအဖြစ် ကစားခဲ့ရတာဖြစ်ပါတယ်။
တီယာနီဟာ ဇင်ချန်ကို အကျိုးသက်ရောက်မှုရှိရှိ ကစားပြနေတဲ့ Inverted နောက်ခံတောင်ပံကစားသမားအဖြစ် အံဝင်အောင် ကစားပြီး အောင်မြင်မှုအချို့ ရရှိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဂန်းနားတွေရဲ့ ဆုဖလားပြိုင်ဘက်ဖြစ်တဲ့ မန်ချက်စတာစီးတီးရဲ့ စိတ်ဝင်စားမှုကို ခံနေရပြီဖြစ်ပါတယ်။
Football Insider ရဲ့ ဖော်ပြချက်အရ မန်ချက်စတာစီးတီးဟာ ယခုနွေရာသီမှာ တီယာနီ အစ်တီဟတ်ကွင်းကို ပြောင်းရွှေ့လာနိုင်စေမယ့် ကမ်းလှမ်းမှုကို ပြုလုပ်သွားဖို့အတွက် စီစဉ်နေတယ်လို့ သိရပြီး စကော့တလန်နောက်ခံလူဟာ စိန်ခေါ်မှုအသစ်တွေကို ရှာဖွေချင်နေတာကြောင့် ဂွါဒီယိုလာ လက်အောက်မှာ ကစားရမယ့်အခွင့်အရေးကို အမိအရ ဆုပ်ကိုင်သွားမှာဖြစ်ပါတယ်။
အာဆင်နယ်အသင်းက တီယာနီရဲ့ ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၃၀ ဝန်းကျင်သတ်မှတ်ထားတယ်လို့ သိရပြီး နယူးကာဆယ်အသင်းကလည်း အသက် ၂၅ နှစ်အရွယ် နောက်ခံကစားသမားကို ခေါ်ယူဖို့ သတင်းတွေထွ့က်ပေါ်နေပေမယ့်လည်း အက်ဒီဟောင်းရဲ့အသင်းအနေနဲ့ စီးတီးကို ယှဉ်နိုင်မှာမဟုတ်တာဖြစ်ပါတယ်။
Share