ဟတ်ဒါဖီးလ်ကိုနိုင်လို့ ယုံကြည်မှု ပြန်ရပြီလို့ ဆိုပါတယ်။

အဆင့် ၅ နေရာမှ ချဲလ်ဆီးနဲ့ ရမှတ်တူ အမှတ် ၅၀ နဲ့ အဆင့် ၆ မှာ ရပ်တည်နေပြီး အဆင့် ၄ နေရာမှ မန်ယူနဲ့ ၁ မှတ်ကွာဟနေပါတယ်။

မနေ့ကဟတ်ဒါဖီးလ်ကို အနိုင်ယူနိုင်ခဲ့ပေမယ့်လည်း မိမိတို့ အာဆင်နယ်အသင်းအတွက် ရာသီအကုန်မှာ အဆင့် (၄)အတွင်း ရပ်တည်နိုင်ဖို့ ခက်ခဲနေပြီလို့ နည်းပြအမ်မရီက ပြောခဲ့ကြောင်း Mirror သတင် ဌာနက ဖော်ပြပါတယ်။



ပြီးခဲ့ဲတဲ့ အပတ်က မန်စီးတီးကို ရှုံးနိမ့်ခဲ့လို အဆင့် ၅ ကနေ အဆင့် ၆ နေရာကို ရောက်ခဲ့ရတဲ့ အာဆင်နယ်အသင်းဟာ မနေ့ကတော့ ဟတ်ဒါဖီးလ်ကို ၂-၁ ဂိုးနဲ့ ပြန်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အမှတ်ပေးဇယား ရပ်တည်မှုကတော့ အဆင့် ၆ နေရာမှာသာ ဆက်လက်ရပ်တည်နေခဲ့ပြီး အဆင့် ၅ နေရာမှ ချဲလ်ဆီးနဲ့ တစ်ပွဲပို ရမှတ်တူအနေအထား ဖြစ်နေပါတယ်။

“ဟတ်ဒါဖီးလ်ကိုနိုင်တာ ကျွန်တော်တု့ိကို ယုံကြည်မှုပြန်ရစေပါတယ်၊ ပရီးမီးယားလိဂ်မှာ မျှော်လင့်ချက် ပြန်ရှင်သန်လာရပါပြီ။ကျွန်တော်တို့ အကောင်းဆုံး ပြန်လာနိုင်အောင် ကြိုးစားနေပါတယ်။ ဒါပေမယ့် အဆင့် ၄အတွင်းဝင်ဖို့ကတော့ အင်မတန်ခက်ခဲနေပါပြီ။” လို့ အမ်မရီက ပြောခဲ့တာပါ။

အာဆင်နယ်အသင်းဟာ ၂၀၁၆ ခုနှစ်နောက်ပိုင်းမှာ ချန်ပီယံလိဂ်ဝင်ခွင့် မရတော့တာဖြစ်ပြီး ဒီနှစ်မှာလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ခက်ခဲနေတာ ဖြစ်ပါတယ်။ အာဆင်နယ်က ယူရိုပါလိဂ် ပွဲစဉ်အဖြစ် ဘိုရီဆော့ဖ်အသင်းနဲ့ ဖေဖေါ်ဝါရီ ၁၅ ရက်နေ့နဲ့ ၂၂ ရက်နေ့တို့မှာ ကစားရပါမယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က