ယခုရာသီမှာ အသင်းအတွက် ခြေစွမ်းပြသနေသူပါ။

ချယ်ဆီးတိုက်စစ်မှူး တန်မီအေဘရာဟမ်ဟာ ပြီးခဲ့တဲ့စနေနေ့က နောဝစ်စီးတီးအသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ၂ ဂိုးအထိ သွင်းယူပေးခဲ့ပြီးနောက် ချယ်ဆီးအသင်းက စာချုပ်သစ် ချုပ်ဆိုဖို့အတွက် ကမ်းလှမ်းမှုှုဖို့ ပြင်ဆင်နေပြီလို့ Sportskeeda ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ချယ်ဆီးအသင်းက ကမ်းလှမ်းခဲ့တဲ့ သဘောတူညီမှုအရ တန်မီအေဘရာဟမ်ရဲ့လက်ရှိစာချုပ်ကို နောက်ထပ် ၂ နှစ် ထပ်ပေါင်းပြီး ဆုကြေးငွေအပါအဝင် တစ်ပတ်လုပ်ခ ပေါင် ၁၀၀၀၀၀ အထိ ရရှိမယ်လို့ သိရပါတယ်။ အေဘရာဟမ်ဟာ လက်ရှိချယ်ဆီးအသင်းလူစာရင်းမှာ ဒဏ်ရာရရှိနေတဲ့ ဟတ်ဒ်ဆနု်အိုဒွိုင်းကို ထည့်မတွက်ဘူးဆိုရင် လစာအနည်းဆုံးကစားသမားဖြစ်ပါတယ်။

မေဆင်မောင့်နဲ့ အေဘရာဟမ်တို့ဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဒါဘီကောင်တီ၊ အက်စ်တွန်ဗီလာအသင်းတို့အတွက် အသီးသီး အထင်ကြီးဖွယ်ခြေစွမ်းပြသနိုင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ ချယ်ဆီးနည်းပြသစ် ဖရန့်လမ်းပတ်က ယခုရာသီပရီးမီးယားလိဂ်မှာ မေဆင်မောင့်နဲ့ အေဘရာဟမ်တို့အနေနဲ့ ချန်ပီယံရှစ်တုန်းကအတိုင်း ပြန်လည်ပြသနိုင်မယ်လို့ ယုံကြည်ထားတာဖြစ်ပါတယ်။

မေဆင်မောင့်ရဲ့ စာချုပ်သစ်ဟာ တစ်ပတ်လုပ်ခ ပေါင် ၇၇၀၀၀ ဝန်းကျင်တန်ကြေးရှိပြီး ပြီးခဲ့တဲ့လအနည်းငယ်က စာချုပ်သစ် ချုပ်ဆိုခဲ့တဲ့ လော့ဖ်တက်ချိခ်ကတော့ လက်ရှိအချိန်မှာ တစ်ပတ်လုပ်ခ ပေါင် ၁၅၀၀၀၀ ရရှိနေတာဖြစ်ပါတယ်။

The Telegraph ရဲ့ဖော်ပြချက်အရ ချယ်ဆီးအသင်းဟာ တန်မီအေဘရာဟမ်ကို စာချုပ်သစ် ကမ်းလှမ်းဖို့အတွက် စဉ်းစားထားပြီးဖြစ်တယ်လို့ သိရပြီး နောဝစ်စီးတီးအသင်းနဲ့ပွဲစဉ်မှာ နှစ်ဂိုးအထိ သွင်းယူနိုင်ခဲ့တာက စာချုပ်သစ်ကမ်းလှမ်းချင်တဲ့ဆန္ဒကို ပိုမိုခိုင်မာသွားစေခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အေဘရာဟမ်ဟာ ၂၀၁၇ ခုနှစ်လောက်တုန်းက တစ်ပတ်လုပ်ခ ပေါင် ၅၀၀၀၀ တန်ကြေးရှိတဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့သူဖြစ်ပြီး စာချုုပ်ချုပ်ဆိုပြီးကြောင်း ကြေညာပြီးတာနဲ့တပြိုင်နက် ဆွမ်ဆီးစီးတီးအသင်းကို အငှားချခံခဲ့ရတာဖြစ်ပါတယ်။

Share

က္က