ဒီပလိုမာတွေရဲ့ အရည်အသွေးအပေါ်မေးခွန်းထုတ်စရာဖြစ်နိုင်တာကြောင့် ပြန်လည်စဥ်းစားပေးဖို့ တင်ပြထားတယ်လို့ သိရပါတယ်။

ဆရာအတတ်သင်ပညာရေးကို စာပေးစာယူ(အဝေးသင်) စနစ်နဲ့ သင်ကြားဖို့ကို လက်မခံကြောင်း ကျောင်းသား၊သူတွေနဲ့ ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ က ဖေဖော်ဝါရီ ၂ ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။

ဓါတ်ပုံ- ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ



အဝေးသင်ပညာရေးစနစ် မအောင်မြင်သေးတဲ့အချိန်မှာ ဆရာအတတ်ပညာရေးကို စာပေးစာယူ(အဝေးသင်)စနစ်နဲ့ သင်ကြားပို့ချမှာကို ကျောင်းသား၊သူတွေအနေနဲ့ မထောက်ခံကြောင်းနဲ့ အဆင့်မြင့်ပညာရေးဦးစီးဌာနရဲ့ စာအမှတ် အဆင့်မြင့်၊ ဆရာအတတ် (ပညာ) ၊ ၂၀၆၈/ ကျောင်းသား(၁၀) ဒုတိယအချက်ပါ B.A (Education) , B.Sc (Education) စာပေးစာယူသင်တန်းတွေဖွင့်မယ့်ကိစ္စနဲ့ ပတ်သတ်ပြီး လက်ရှိပညာရေးတက္ကသိုလ်တွေရဲ့ တတိယနှစ်၊ စတုထ္ထနှစ်၊ သင်ရိုးတွေက အခြေခံပညာရေးစနစ်ကို အခြေခံထားတာကြောင့် စာပေးစာယူသင်ရိုးသီးသန့်ရေးဆွဲဖို့ လိုအပ်ကြောင်းနဲ့ အဲ့ဒီ သင်ရိုး အဆင်သင့်မဖြစ်သေးချိန်မှာ ဒီပလိုမာတွေရဲ့ အရည်အသွေးအပေါ်မေးခွန်းထုတ်စရာဖြစ်နိုင်တာကြောင့် ပြန်လည်စဥ်းစားပေးဖို့ တင်ပြထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပညာရေးတက္ကသိုလ်တွေမှာ သင်ကြားနေတဲ့ ပညာရေးဘွဲ့သင်တန်းတွေက အခြေခံပညာအထက်တန်းအဆင့်ကို အခြေခံထားတာကြောင့် အဲ့လိုလုပ်မယ့်အစား မူလတန်း၊အလယ်တန်းအဆင့် ပညာရေးဘွဲ့သင်တန်းတွေကို ဖွင့်လှစ်ပေးနိုင်ဖို့ကို ဦးစားပေးဆောင်ရွက်သင့်တယ်လို့ တင်ပြထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသား၊ကျောင်းသူတွေရဲ့ သဘောထားဆန္ဒတွေကို အလေးထားပေးဖို့ နဲ့ ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသား၊သူတွေရဲ့ အကြံပြုချက်ကို လာရောက်နားထောင်ပေးစေလိုတယ်လို့ထုတ်ပြန်ထားပါတယ်။

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရဲ့ စာအမှတ်အဆင့်မြင့်၊ ဆရာအတက်(ပညာ) ၊ ၂၀၆၈ /ကျောင်းသား (၁၈) ပညာရေးကောလိပ်ကျောင်းသား၊သူတွေရဲ့ တောင်းဆိုချက်ကို ပညာရေးဝန်ကြီးဌာန အနေနဲ့ စီစဉ်ထားရှိတာနဲ့ ပါတ်သတ်ပြီးတော့ အချက်(၃) ချက်ပါဝင်ပြီးတော့ ဒီဇင်ဘာမှာ ပညာရေးတက္ကသိုလ်တွေမှာ B.A (Education), B.Sc( Education) စာပေးစာယူသင်တန်းတွေ ဖွင့်လှစ်မယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က