မိမိကို နှုတ်ဆက်ချင်တယ်ဆိုရင် အခုလို ညစာ စားပွဲ ဖိတ်စရာ မလိုဘူးလို့ ပွန်ချက်တီနိုက ယုံကြည်စွာနဲ့ ပြော လာခဲ့တာပါ။
စပါးအသင်းသားတစ်ဦးက သူ့ကို ညစာစားပွဲ ဖိတ်ခဲ့လို့ ကစားသမားတွေက မိမိရဲ့ အနောက်မှာ ရှိနေဆဲဖြစ် တယ်လို့ ပွန်ချက်တီနိုက ယုံကြည်လိုက်တဲ့အကြောင်း BBC SPORTက ဖော်ပြလာပါတယ်။
ပွန်ချက်တီနိုကတော့ ဒီနှစ် ဘောလုံးရာသီ ပြိုင်ပွဲစုံ ၁၁ ပွဲမှာ ၃ ပွဲသာ အနိုင်ရခဲ့ပြီးနောက် စပါးနည်းပြ အဖြစ်မရေရာတော့သူဖြစ်ပါတယ်။
ဒီအချိန်မှာ အသင်းသားတွေထဲက တစ်ဦးက မိမိကို ညစာစားပွဲဖိတ်လာတဲ့အတွက် ဒါဟာ အသင်းသားတွေက မိမိရဲ့ အနောက်မှာ ရှိနေသေးတယလို့ ပွန်ချက်တီနိုက ထုတ်ဖော်ပြောလာတာပဲ ဖြစ်ပါတယ်။
“ သူတို့ ကျွန်တော့်ကို နှုတ်မဆက်သေးပါဘူး၊ နှုတ်ဆက်မယ်ဆိုရင် ညစာစားပွဲဖိတ်စရာမလိုပါဘူး။” လို့ ဝက်ဖို့ဒ်နဲ့ ကစားမယ့် ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။
စပါးအသင်းကတော့ နိုင်ငံတကာပွဲတွေ မနားခင်မှာ ချန်ပီယံလိဂ်ပွဲအဖြစ် ဘိုင်ယန်နဲ့ကစားခဲ့ပြီး ၇-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့သလို ဘရိုက်တန်နဲ့ပွဲမှာလည်း ၃-၀ နဲ့ဂိုးပြတ်တွေ ရှုံးနိမ့်ထားတာပါ။
ဒီအရှုံးတွေကိုလက်ရှိမှာဖြေရှင်းဖို့ လိုနေပြီး သေချာတာကတော့ လာမယ့် ဇန်နဝါရီမှာ ဒီအခြေအနေတွေကနေ အကောင်းဆုံး ရုန်းထွက်နိုင်မယ်လို့လည်း ပွန်ချက်တီနိုက ပြောခဲ့ပါတယ်။