ဘုန်းမင်းနေလကတော့ အသက် ၁၈ နှစ်ပြည့်ပြီဖြစ်ပါတယ်။

ခင်ဇာခြည်ကျော်ကတော့ အသက်(၁၈) နှစ်ပြည့်ပြီဖြစ်တဲ့ သားကြီး ဘုန်းမင်းနေလအတွက် မွေးနေ့ဆုတောင်းစကားတွေ ပြောလာပါတယ်။ ဘုန်းမင်းနေလကတော့ စင်ကာပူနိုင်ငံမှာ ပညာသင်ကြားနေတာဖြစ်ပါတယ်။

Photo: Khin Zar Kyi Kyaw



ဒီဇင်ဘာလ ၆ ရက်နေ့မှာတော့ သရုပ်ဆောင် ခင်ဇာခြည်ကျော်ရဲ့ သားဖြစ်သူ ဘုန်းမင်းနေလဟာ အသက် ၁၈ နှစ် ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် စင်ကာပူနိုင်ငံကို ရောက်နေတဲ့ သားအတွက် ခင်ဇာခြည်ကျော်က မွေးနေ့ဆုတောင်းစကားတွေ ပြောခဲ့ပါတယ်။

"Happy Birthday ပါ ချစ် သော သားကြီး ဘုန်းမင်း၊ သားသား ရဲ့ ဒီ ဇင် ဘာ ၆ ရက် နေ့ မှာ ကျ ရောက်တဲ့ ( ၁၈) နှစ်ပြည့် မွေးနေ့မှစ၍ စိတ် ၏ ချမ်းသာခြင်း ...ကိုယ် ၏ကျန်းမာ ခြင်း နဲ့ ပြည့်စုံ ပြီး လိုအင်ဆန္ဒ တွေ ပြည့်ဝပါ စေသားရေ။ သားပြန်ရောက် မှ မွေးနေ့အလှူလုပ်ပေးပါ ဆိုလို့ သားဒီဇင်ဘာ ၂၀ ပြန်လာမှ လုပ်ပေးမယ်နော်။Love you so much My Son" ဆိုပြီးတော့ ဒီဇင် ဘာလ ၆ ရက်နေ့ မနက် ၁၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Khin Zar Kyi Kyaw

ဘုန်းမင်းနေလ ကတော့ အခုလက်ရှိ စင်ကာပူနိုင်ငံမှာ ကျောင်းတက်နေတာဖြစ်ပါတယ်။ ခင်ဇာခြည်ကျော်ကတော့ သားဖြစ်သူ ဘုန်းမင်းနေလကို Facebook Messenger ကနေတဆင့် Video Call ခေါ်ပြီးတော့လည်း မွေးနေ့ဆုတောင်းစကားတွေ ပြောခဲ့ကြပါတယ်။ ဘုန်းမင်းနေလကလည်း သူ့ရဲ့ မွေးနေ့မှာ မိခင်ဖြစ်သူနဲ့ အဘွားဖြစ်သူတို့ကို Video Call ကနေတဆင့် ကန်တော့ခဲ့ပါသေးတယ်။ ခင်ဇာခြည်ကျော်ကလည်း သားဖြစ်သူရဲ့ မွေးနေ့အလှူကို ဘုန်းမင်းနေလ ပြန်လာမှ လုပ်တော့မယ်လို့လည်း Video Call မှာ ပြောခဲ့တာ တွေ့ရပါတယ်။

Photo: Khin Zar Kyi Kyaw

ဘုန်းမင်းနေလကို တော သရုပ်ဆောင် ခင်ဇာခြည်ကျော်ရဲ့ သားတစ်ယောက်ဖြစ်တယ်ဆိုတာကို ၂၀၁၈ ခုနှစ်အတွက် ရွှေကြိုပြိုင်ပွဲ ဝင်မပြိုင်ခင်ကတည်းက ပရိသတ်တွေ သိရှိပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုပေးပွဲပြီးတဲ့ နောက်မှာတော့ သူဟာ TV ကြော်ငြာရိုက်ကူးရေးတွေ၊ ဇာတ်ကားရိုက်ကူးမှုတွေ ကို တစိုက်မတ်မတ် ဆောင်ရွက်လာရသူဆိုရင်လည်း မမှားပါဘူး။ အခုလက်ရှိမှာတော့ မိခင်ဖြစ်သူရဲ့ ဆန္ဒအရ အနုပညာအလုပ်တွေထက် ပညာရေးကို ဦးစားပေးနေတာ တွေ့ရပါတယ်။

Photo: Khin Zar Kyi Kyaw

သရုပ်ဆောင်ခင်ဇာခြည်ကျော်(Khin Zar Chi Kyaw)မှာတော့ အရမ်းကိုချောမောပြီး ချစ်စရာကောင်းလွန်းကြတဲ့ သားကြီး ဘုန်းမင်းနေလနဲ့ သမီးငယ်လေး ထင်သစ္စာ တို့ကို ပိုင်ဆိုင်ထားတဲ့ မိခင်တစ်ယောက်ဖြစ်ပါတယ်။ သားကြီး ဘုန်းမင်းနေလကတော့ ဆယ်ကျော်သက် နှုတ်ခမ်းနီမလေးတွေ ရဲ့ အသဲစွဲမင်းသားလေးတစ်ယောက်ဖြစ်ပါတယ်။ သမီးငယ်လေး ထင်သစ္စာကတော့ တီဗီကြော်ငြာလေးတွေ နဲ့ မဂ္ဂဇင်း ကာဗာတွေရိုက်ကူးနေရတာ ဖြစ်သလို အဓိကအားဖြင့်ကျောင်းပညာရေးကို ပိုဦးစားပေးနေတယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က