ရွာရန် ရာနှုန်းပြည့်ဖြစ်ပါတယ်။

မနက်ဖြန် အောက်တိုဘာလ (၁၉)ရက်နေ့မှာ တိုင်းဒေသကြီး ပြည်နယ်အလိုက် မြန်မာနိုင်ငံအနှံ့အပြား မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရပါတယ်။

ရန်ကုန်၊ မန္တလေး ၊နေပြည်တော်အပါအဝင်၊ ပဲခူး၊ မကွေး၊ မွန်ပြည်နယ်ရှိ နေရာအနှံ့မိုးကြီးနိုင်သလို မြို့အလိုက်လည်း နေရာကွက်ကျား မိုးကြီးနိုင်ပါတယ်။

“ မနက်ဖြန် တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ မိုးထစ်ချုန်းရွာနိုင်တယ်၊ မိုးကြီးနိုင်ပါတယ်။ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်အလိုက်ဆိုရင်တော့ နေရာကွက်ကြားရွာနိုင်တယ်။ ပြီးခဲ့ နှစ်ရက်ကလည်း ဆက်တိုက်မိုးရွာခဲ့တော့ တချို့နေရာတွေမှာ မြေပြိုမှုတွေ၊ ရေလျှံမှုတွေတော့ရှိခဲ့တယ်။ တောင်ကုန်းချောက်ကမ်းပါးဘေးတွေမှာ နေထိုင်တဲ့သူတွေအနေနဲ့ကတော့ မိုးကြီးရင် မြေပြိုမှု အန္တရာယ်သတိပြုဖို့တော့လိုတယ်”လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက Duwun ကိုပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ (၁၆)ရက်နဲ့ (၁၇)ရက်တို့မှာ မိုးဆက်တိုက်ရွာသွန်းမှုနဲ့ အတူ တချို့ဒေသတွေမှာ လေပြင်းတိုက်ခတ်မှုတွေပါရှိခဲ့တဲ့အတွက် ဘုရားမုဒ်ဦးပြိုကျမှုတွေ၊ ဘုရားစေတီထိခိုက်ပျက်စီးမှုတွေရှိခဲ့သလို ချင်းပြည်နယ် ဖလမ်းမြို့မှာလည်း တောင်စောင်းပြိုကျမှုကြောင့် ခရီးသွားကားတွေကားလမ်းပိတ်တဲ့အထိလည်းဖြစ်ခဲ့ပါတယ်။ 

ဒီကနေ့ အောက်တိုဘာလ (၁၈)ရက်နေ့မှာဆိုရင်လည်း စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့မှာ နေရာကွက်ကျားမိုးကြီးနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး၊ နေပြည်တော်၊ မကွေး၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အပါအဝင် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှာလည်း နေရာအနှံ့အပြား မိုးကြီးနိုင်တယ်လို့ သိရပါတယ်။






Share

Loading Next Article...
က္က