တူရကီဖိုက်တာ အာဒိုဂန်နဲ့ ထိုးသတ်ဖို့ကို မျှော်လင့်နေတာပါ။

အောင်လအန်ဆန်နဲ့ တတိယအကြိမ်မြောက် ထိုးသတ်ဖို့အတွက်က စိတ်လှုပ်ရှားစရာမကောင်းဘူးလို့ ONE Championship ရဲ့ မစ်ဒယ်ဝိတ်တန်းချန်ပီယံရိုင်နီယာဒီရစ်ဒါက ပြောဆိုလိုက်ပါတယ်။ ရိုင်နီယာဟာ မစ်ဒယ်ဝိတ်တန်းအပြင် လိုက်ဟဲဗီးဝိတ်တန်းရဲ့ ချန်ပီယံလည်းဖြစ်ခဲ့ဖူးကာ လက်ရှိမှာတ​ော့ သူ့ရဲ့ မစ်ဒယ်ဝိတ်တန်းခါးပတ်ကို ကာကွယ်ဖို့အတွက် ထိုးသတ်ရဖို့ ရှိနေပြီး ပြိုင်ဘက်ကိုတော့ မသိရသေးပါဘူးး။ 

သူ့ကို တူရကီဖိုက်တာ ရှမေးလ်အာဒိုဂန်ကလည်း စိန်ခေါ်မှုလုပ်ထားပြီး ONE က သူတို့နှစ်ဦးကို ရင်ဆိုင်စေမလားဆိုတာကလည်း မရှင်းမလင်းဖြစ်နေပါတယ်။ အောင်လအန်ဆန်နဲ့လည်း ပြန်လည်ထိုးသတ်ရနိုင်တယ်လို့ သတင်းတွေထွက်ပေါ်လာချိန်မှာ ရိုင်နီယာက အရင်နှစ်ကြိမ်တွေ့ဆုံထားမှုတွေမှာ ရိုင်နီယာက အောင်လကို အနိုင်ယူပြီးတော့ ချန်ပီယံခါးပတ်တွေကို ရယူသွားခဲ့တာဖြစ်ပါတယ်။ 

South China Morning Post နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ရိုင်နီယာက အောင်လနဲ့ ထိုးသတ်နိုင်ချေရှိလားဆိုတဲ့ မေးခွန်းကို "အောင်လလား၊ ဘယ်သူသိနိုင်မလဲ၊ ကျနော် သူ့ကို နှစ်ကြိမ်အနိုင်ယူထားပြီးပါပြီ၊ ရိုးရိုးသားသားပြောရမယ်ဆိုရင် ဒါက သိပ်စိတ်လှုပ်ရှားစရာမကောင်းတော့ပါဘူး၊ ဒါကြောင့် ဒီပွဲဖြစ်လာဖို့က ခက်ခဲပါတယ်" လို့ ပြောဆိုသွားခဲ့ပါတယ်။ 

မစ်ဒယ်ဝိတ်တန်းခါးပတ်ကာကွယ်ပွဲအဖြစ် ရိုင်နီယာက အခြားသောပြိုင်ဘက်ကိုသာ မျှော်လင့်ထားပုံရပါတယ်။ နယ်သာလန်ဖိုက်တာအတွက် ဖြစ်လာနိုင်ချေရှိသူကတော့ ဇွန်လ ၂၃ ရက်နေ့က တရုတ်ဖိုက်တာ ဖန်ရောင်ကို ဒုတိယအချီမှာ Body Kick နဲ့ အနိုင်ယူသွားခဲ့တဲ့ တူရကီဖိုက်တာ ရှမေးအာဒိုဂန်က ရှိနေပါတယ်။ အာဒိုဂန်နဲ့ ပွဲကို ဩဂုတ် ဒါမှမဟုတ် စက်တင်ဘာလအတွင်း ထိုးသတ်ရဖို့ကိုလည်း ရိုင်နီယာက မျှော်လင့်နေပါတယ်။ 

Share

Loading Next Article...
က္က