တစ်ခုတည်းသော ဆန္ဒပါတဲ့။

အနုပညာအလုပ်တွေ ရပ်နားထားတာ ကြာပြီဖြစ်တဲ့ ထူးအောင်အနေနဲ့ ဇာတ်လမ်းတွဲများနဲ့ ရုပ်ရှင်ဇာတ်ကားများ ပြန်လည် ရိုက်ကူးဖို့ စတင်စီစဥ်နေပြီလို့ ဆိုပါတယ်။

Photo : ထူးအောင် FB

မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် ထူးအောင်ကတော့ မကြာခင်မှာအနုပညာအလုပ်တွေ ပြန်လည် လုပ်ကိုင်တော့မယ်လို့ ဆိုပါတယ်။ ထူးအောင်က သူဖြစ်ချင်တဲ့ အောင်မြင်ကျော်ကြားတဲ့ မင်းသားတစ်ယောက်အနေနဲ့ရော အောင်မြင်ကျော်ကြားတဲ့ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက် အနေနဲ့ပါ ဖြစ်အောင် ကြိုးစားသွားမှာပါတဲ့။

“ ကျွန်တော် အနုပညာအလုပ်တွေ နားထားတာလည်း ကြာပြီဆိုတော့ အလုပ်တွေ ပြန်လုပ်တော့ပါမယ်။ ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ဇာတ်ကားတွေနဲ့ ကြော်ငြာတွေ ရိုက်ကူးဖို့ကိုလည်း စပြီးစီစဥ်နေပါပြီ။ မတွေ့ရတာ ကြာတဲ့ ကျွန်တော့်ပရိသတ်တွေအတွက် ကျွန်တော့်အနေနဲ့ အများကြီး ကြိုးစားသွားမှာပါ။ ဆက်လက်ပြီးတော့လည်း ကြိုးစားမှာပါ။ ကျွန်တော်ရဲ့ ရည်မှန်းချက်က တစ်ခုတည်း ရှိပါတယ်။ အဲဒါက အောင်မြင်ကျော်ကြားတဲ့ မင်းသား အောင်မြင်ကျော်ကြားတဲ့စီးပွားရေး လုပ်ငန်းရှင်ဖြစ်အောင် ကျွန်တော် လုပ်မှာပါ” လို့ သူက ပြောခဲ့ပါတယ်။

Photo : ထူးအောင် FB

လက်ရှိမှာလည်း ထူးအောင်အနေနဲ့ ကိုယ်ပိုင် Gym ဖွင့်ထားပြီး အောင်မြင်အောင် ကြိုးစားလုပ်ကိုင်နေသူပါ။ သူကိုယ်တိုင်က Gym မှာ လာရောက် ဆော့ကစားတဲ့သူတွေကို Trainer တစ်ယောက်လို ပြောပြပြီး သူသိသ‌လောက် အသိပညာများကို မျှဝေပေးနေသူပါ။

“ကျွန်တော် Gym မှာဆို ကိုယ့်တုန်းကလိုမျိုး ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ကျွန်တော့် Gym မှာ လာဆော့တဲ့သူတွေကို မရစေချင်ဘူး၊ Gym စဆော့ချိန် ဘယ်လို ဆော့ရမှန်း မသိခဲ့ဘူး personal Trainer ငှားမှ သိခဲ့ရတာမျိုး ရှိတယ်။ ကျွန်တော်ဆို personal trainer မငှားနိုင်ခဲ့တုန်းက လိုက်ပြီးလေ့လာခဲ့ရတာ။ အဲ့ဒါကြောင့် ကျွန်တော့်ရဲ့ Gym မှာ အဲ့လို မဖြစ်အောင် လူအားလုံးကို သိတဲ့ အသိပညာတွေကို မျှဝေပေးတယ်” လို့ သူက ဆိုပါတယ်။

သူရည်ရွယ်ချင်အတိုင်း ဖြစ်​မြောက်​အောင် ကြိုးစားသွားမှာဖြစ်လို့ ပရိသတ်​တွေအနေနဲ့လည်း သူ့ကို ဆက်လက်အားပေးသွားဖို့အတွက် တောင်းဆိုခဲ့ပါသေးတယ်။


ထူးအောင်ကိုတော့ Model တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်း သရုပ်ဆောင်လောကထဲကို ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ ယောကျ်ားပီသ လွန်းတဲ့ သူ့ရဲ့ ခန္ဓာကိုယ်အလှ ကြောင့် အမျိုးသမီး ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသလို အမျိုးသားပရိသတ်များရဲ့ အားပေးမှုပါ ရရှိထားတဲ့ သရုပ်ဆောင် တစ်ယောက်လည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က