ယူနိုက်တက်တို့ သိပ္ပံဆိုင်ရာအချက်အလက်ဒါရိုက်တာကို ခန့်အပ်ခဲ့တာပါ။

ယူနိုက်တက်ဟာ အသင်းရဲ့အောင်မြင်မှုတွေဆီ သွားရာလမ်းကြောင်းမှာ အထောက်အပံ့ဖြစ်ဖို့အတွက် ပထမဆုံး သိပ္ပံဆိုင်ရာ အချက်အလက်အခြေပြု ဒါရိုက်တာ ရာထူးကို ခန့်အပ်ခဲ့တယ်လို့ သိရှိရပါတယ်။



ခန့်အပ်ခံခဲ့ရသူကတော့ ဒိုမီနစ်ဂျော်ဒန်လို့ဆိုပြီး သူ့အနေနဲ့ အချက်အလက်တွေကို အသုံးချကာ ကစားသမားတွေကို အကူအညီပေးနိုင်မယ်လို့ ယူနိုက်တက်က ရည်ရွယ်ထားတာပါ။

အသင်းရဲ့ဒါရိုက်တာ ဂျွန်မာတာ့ဖ်ကလည်း ဂျော်ဒန်ရောက်ရှိလာမှုလာမတာ့ဖ်ကလည်း ရည်ရွယ်ထားတာပါါ။ချက်အလက်အခြေပြုက နည်းပြဆိုးလ်ရှားနဲ့ ကစားသမားတွေအတွက်အပြင် ပြိုင်ဘက်တွေရဲ့ အနေအထားကိုလည်း ကောင်းကောင်းသုံးသပ်ဖို့အတွက် အကူအညီပေးနိုင်မယ်လို့ ဆိုပါတယ်။

ဂျွန်မာတာ့ဖ်က “ကစားသမားတွေရဲ့ စွမ်းဆောင်ရည်နဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေကို သုံးသပ်နိုင်ဖို့၊ ပြိုင်ဘက်တွေကိုစောင့်ကြည့်အကဲခတ်နိုင်ဖို့နဲ့ ကစားသမားသစ်တွေ ပစ်မှတ်ထားခေါ်ယူဖို့အတွက် အချက်အလက်တွေကို ကျွန်တော်တို့ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေပါပြီ”

“ဒါပေမယ့် ကျွန်တော်တို့ရဲ့ ရှိပြီးသား စွမ်းဆောင်ရည်တွေကို ပိုမိုကောင်းမွန်လာဖို့၊ အချက်အလက်တွေကို စီမံခန့်ခွဲပြီး အသုံးချဖို့ဆိုတဲ့နေရာတွေမှာ နောက်ထပ်အသစ်အသစ်တွေကို ထပ်မံတိုးချဲ့သွားဖို့ အလားအလာတွေ အများကြီးရှိပါတယ်။ ဒါဟာ လူသားတွေရဲ့ စွမ်းဆောင်ရည်နဲ့ ဆုံးဖြတ်ချက်ကို အစားထိုးလိုက်တာမဟုတ်ပါဘူး”

“နည်းပြတွေကတော့ သူတို့ရဲ့ ဗဟုသုတ၊ အသိပညာနဲ့ ဆုံးဖြတ်နိုင်မှုတွေကို အသုံးချနေဦးမှာဖြစ်ပြီး ကစားသမားတွေကလည်း သူတို့ရဲ့ အတွေ့အကြုံနဲ့ ဗီဇတို့ကို ဆက်လက် အသုံးချနေကြဦးမှာပါ။ ဒါပေမယ့် ဒီအရာတွေကို အချက်အလက်တွေနဲ့ အားဖြည့်ပြီး ပိုမိုပြီးပြည့်စုံသွားအောင် ဆောင်ရွက်မှာပါ”



“အဆုံးစွန်ဆုံးပြောရမယ်ဆိုရင် ကစားသမားတွေ၊ နည်းပြတွေအတွက် မှန်ကန်မြန်ဆန်တဲ့ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့အတွက် သေချာပေါက် ပံ့ပိုးပေးနိုင်တဲ့ ဝန်ဆောင်မှုတစ်ခုလည်းဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အခုလိုမျိုး ခန့်အပ်ခဲ့တဲ့ ဒိုမီနစ်ကလည်း ယူနိုက်တက်ပရိသတ်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ရည်မှန်းချက်တွေနဲ့ ပတ်သက်လို့ အခုလိုပြောပြခဲ့ပါသေးတယ်။

ဒိုမီနစ်က “နည်းမှန်လမ်းမှန်တွေနဲ့ အသုံးပြုတဲ့ အချက်အလက်တွေက အဖွဲ့အစည်းတစ်ခုလုံးကို အပြောင်းအလဲလုပ်နိုင်တယ်ဆိုတာကို ကျွန်တော်သိထားပါတယ်။ ဆုံးဖြတ်ချက်တွေ တိုးတက်လာဖို့အတွက် တိကျတဲ့အချက်အလက်တွေကို အသုံးချတာမျိုးပေါ့။ ဒီတော့ ကျွန်တော် ချစ်မြတ်နိုးတဲ့အသင်းအတွက် ဒီလိုစွမ်းဆောင်ခွင့်ရမယ့်အချိန်မှာ နှစ်ခါပြန်စဥ်းစားစရာမလိုခဲ့ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

နည်းပြဆိုးလ်ရှားရဲ့အနာဂတ်နဲ့ ပတ်သက်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် ယူနိုက်တက်တာဝန်ရှိသူတွေက သူ့ကိုထောက်ခံအားပေးနေဆဲဆိုတာကို အခုလို ကွင်းပြင်ပအားဖြည့်မှုတွေ၊ နည်းပြအဖွဲ့ဝင် မိုက်ဖီလန်ကို စာချုပ်သက်တမ်းတိုးခဲ့မှုတွေက သက်သေပြနေတာလည်းဖြစ်ပါတယ်။ 

Share

က္က