အောင်မြင်တဲ့လူငယ်တစ်ယေက်ဖြစ်ဖို့ အရေးကြီးဆုံးက ဘဝမှာ ဆင်ခြေများမနေဖို့ အရေးကြီးပါတယ်။ ရှေးစကားပုံတွေအရ ပူသည်၊အေးသည်၊ မိုးချုပ်သည်၊ စောသည် ၊ ဆာလွန်းသည်၊ ပြည့်အင်သည် စတဲ့ပျင်းရိခြင်း (၆)ပါးဆိုတာထက်ကို ပိုတဲ့ ဆင်ခြေတွေက ဒီနေ့ခတ်မှာ ပိုများလာပါပြီ။လူငယ်တွေအနေနဲ့ အောင်မြင်တိုးတက်ချင်တယ်ဆိုရင် ဆင်ခြေများနေခြင်းကို လုံးဝသတိထားရမှာဖြစ်ပါတယ်။
Photo : Freepik
ဆင်ခြေများနေရခြင်းရဲ့ အကြောင်းပြချက်ကို ရှာပြီးပြင်ပါ။
ဥပမာ - တစ်ခုခုလေ့လာတော့မယ်ဆိုရင် အင်တာနက်လိုင်းမကောင်းလို့၊ နောက်ကျသွားလို့၊ ဖုန်း၊ ကွန်ပျူတာပျက်သွားလို့ စသဖြင့် ကိုယ်က ဒါမျိုးတွေ ခဏခဏပြောနေမိပြီလား ။ ကိုယ်က ဘယ်လိုဆင်ခြေတွေ ခဏခဏပေးတတ်သလဲ။ အဲ့ဒီဆင်ခြေတွေကိုတစ်ချက်ချင်း စီပြန်ပြီးရှာဖွေပါ ပြင်ဆင်ပါ။
ဆင်ခြေများပြီး ပျင်းရိနေခြင်းရဲ့ အကျိုးဆက်
အခုခေတ်ကြီးထဲမှာ ကိုယ်တိုင်က မလုပ်ထားဘူးဆိုရင် သူများက ကိုယ့်ကိုကျော်တတ်သွားဖို့ အကောင်းဆုံး အခြေအနေပဲဖြစ်ပါတယ်။ တိုးတက်နေတဲ့ခေတ်ကြီးထဲမှာ အရာရာကို အွန်လိုင်းကတစ်ဆင့် လေ့လာရနေသလို တက်ချင်တဲ့ ဘာသာရပ်တွေကို ကြိုက်သလို တက်ခွင့်ရနေတဲ့အခြေအနေမှာ တိုးတက်ဖို့လည်း အရမ်းလွယ်သလို ကျန်ခဲ့ဖို့လည်း အရမ်းလွယ်ကူပါတယ်။ ဒါကြောင့်မို့ ဆင်ခြေတွေကို အတတ်နိုင်ဆုံးဆင်ခြင်သင့်ပါတယ်။ ဆင်ခြေများခြင်းက နောက်ကျကျန်ခဲ့ဖို့ အခွင့်အရေး အများကြီးဖြစ်သွားပါမယ်။ အခုခေတ်မှာ လူငယ်တွေက လူကြီးတွေပြောတိုင်း တစ်သွေမတိမ်းနားထောင်ကြတော့မှာမဟုတ်ဘူးဆိုရင် ကိုယ်တိုင် self control ၊ self management လုပ်သင့်ပါတယ်။
Photo : Freepik
ဆင်ခြေများတာကို ပြုပြင်ဖို့ အလွယ်ကူဆုံးနည်းလမ်း
ကိုယ့်ဆင်ခြေတွေကို တစ်ချက်ချင်း ချရေးပါ။
ကိုယ်တိုင် self control လုပ်ပါ။
ပြင်ဖို့ အလွယ်ဆုံးအရာကို စပြင်ပါ။
မိမိရဲ့ အချိန်ကို စနစ်တကျ စီမံခန့်ခွဲပါ။
ဆင်ခြေတွေကို ပြင်တဲ့အခါမှာ ကိုယ့်အနေနဲ့ ဘယ်အရာကပြင်ဖို့ အလွယ်ကူဆုံးလဲ စဉ်းစားပါ။ ဥပမာ အင်တာနက်လိုင်းမကောင်းတာလား၊ ကိုယ့်ရဲ့ Devices တွေမကောင်းတာလား၊ စသဖြင့် ဒါတွေကို ဘယ်လိုအဆင်ပြေအောင် လုပ်မလဲ ဆိုတာ စဉ်းစားပြီးလုပ်ပါ။
လူတိုင်းမှာ ၂၄ နာရီ မျှမျှတတရှိပါတယ်။ အချိန်မလောက်လို့ဆိုတဲ့စကားက အသုံးမဝင်တော့ပါဘူး။ ကိုယ်က ဆင်ခြေတွေအရမ်းများနေပြီ။ အရမ်းကိုသက်တောင့်သက်သာဖြစ်နေပြီဆိုရင် မိမိကိုယ်ကို ပြန်ကြည့်ပါ။ ဘာတွေက ဆင်ခြေဖြစ်နေတာလဲ ဘာတွေက နှောင့်နှေးနေစေတာလဲ ဒါတွေကို တစ်ချက်ချင်းပြင်သွားမယ်ဆိုရင် လူငယ်တွေတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေလာပါလိမ့်မယ်။
ဖော်ပြပါသတင်းဆောင်းပါးပါ အချက်အလက်များသည် Duwun Community Voice အစီအစဉ်မှ BGV Institute တည်ထောင်သူ ဒေါ်မြင့်သိင်္ဂီစုမွန်ရဲ့ ဆွေးနွေးအကြံပြုချက်များကို ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။