ကစားသမားတွေနဲ့အတူ အောင်ပွဲခံခဲ့ကြတာပါ။

တနင်္ဂနွေနေ့က ကစားခဲ့တဲ့ နယ်သာလန်လိဂ်ပွဲစဉ်ဖြစ်တဲ့ NEC နဲ့ ဗီတက်ဆီတို့ရဲ့ပွဲစဉ်မှာ ဧည့်သည်ဗီတက်ဆီက ၁-၀ နဲ့ အဝေးကွင်းမှာ အနိုင်ရရှိသွားခဲ့ပါတယ်။ အနိုင်ရရှိခဲ့တဲ့နောက် ဗီတက်ဆီကစားသမားတွေဟာ အသင်းပရိသတ်တွေရှိရာ ပွဲကြည့်စင်နားကို သွားရောက်ကာ အတူတကွအောင်ပွဲခံခဲ့ကြပါတယ်။ 



ဒီလိုအောင်ပွဲခံရာမှာ စင်ပေါ်က ပရိသတ်တွေကလည်း တစ်ဦးပခုံးတစ်ဦးဖက်ကာ ခုန်ပေါက်အောင်ပွဲခံခဲ့ကြပြီး အဲဒီအချိန်မှာပဲ စင်ကျိုးကျမှုဖြစ်ပွားခဲ့ပါတယ်။ အရှေ့ဆုံးပွဲကြည့်စင်က ကျိုးကျခဲ့တာဖြစ်ပြီး ကံကောင်းထောက်မစွာနဲ့ပဲ ပရိသတ်တစ်ဦးတစ်ယောက်မှ ဒဏ်ရာမရရှိခဲ့ဘဲ ကျိုးကျတဲ့အတိုင်းကို ဆက်လက်အောင်ပွဲခံခဲ့တဲ့ ဗီဒီယိုက တွစ်တာမှာ ရေပန်းစားခဲ့ပါတယ်။ 


ဒီမတော်တဆမှုနဲ့ပတ်သက်ပြီး စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပြီး ကြီးကြီးမားမားဖြစ်ပွားတာမျိုးမရှိတာကြောင့် အားလုံးစိတ်သက်သာရာရခဲ့ကြပါတယ်။ ကွင်းအတွင်းမှာ ပရိသတ်တွေကို ပြန်လည်လာရောက်ကြည့်ရှုခွင့်ပေးခဲ့ပြီးနောက် ပွဲငတ်နေတဲ့ ပရိသတ်တွေဟာ အင်တိုက်အားတိုက်အားပေးနေကြတာဖြစ်ပြီး အသင်းနိုင်ပွဲရချိန်မှာ ပိုမိုအောင်ပွဲခံနေကြတာဖြစ်ပါတယ်။ 

စင်ကျိုးကျချိန်အတွင်း တချို့ပရိသတ်တွေက အထိတ်တလန့်ဖြစ်ခဲ့ကြပေမယ့် ပရိသတ်အများစုကတော့ ပုံမှန်အတိုင်းဆက်လက်အောင်ပွဲခံနေခဲ့ကာ သီဆိုဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။ ဗီတက်ဆီကတော့ လာမယ့်ပွဲစဉ်အဖြစ် စပါးနဲ့ ယူရိုပါကွန်ဖရင့်လိဂ်ပွဲစဉ်ကို ကြာသပတေးနေ့ညမှာ ကစားသွားရမှာဖြစ်ပါတယ်။ အုပ်စုတွင်းမှာတော့ စပါးနဲ့အတူ တစ်ပွဲရှုံး၊ တစ်ပွဲနိုင် ရလဒ်ထွက်ပေါ်ထားခဲ့ပြီး အမှတ်တူအနေအထားနဲ့ ရပ်တည်နေတဲ့အသင်းလည်းဖြစ်ပါတယ်။


Share

က္က