ဘာကာကစားသမားတွေကို အက်စ်ပန်ညိုပရိသတ်တွေက ရန်မူဖို့ လုပ်ခဲ့တာပါ။

အက်စ်ပန်ညိုနဲ့ပွဲမှာ အောင်ပွဲခံမှုကို တော်သင့်ပြီလို့ သူ သတိပေးခဲ့ပေမယ့် ဘာစီလိုနာကစားသမားတွေက မလိုကနာခဲ့ဘူးလို့ နည်းပြဇာဗီက ပြောဆိုလိုက်ပါတယ်။ အဆိုပါပွဲအပြီးမှာ ဘာစီလိုနာက ဒါဘီပြိုင်ဘက်အသင်းရဲ့ အိမ်ကွင်းထဲမှာပဲ အောင်ပွဲခံနေခဲ့ပြီး အဲဒီအချိန်မှာပဲ အက်စ်ပန်ညိုပရိသတ်တွေက သူတို့ရှိရာဆီ ပြေးဝင်ခဲ့ကာ ရန်မူဖို့ ကြိုးစားတာကြောင့် ထွက်ပြေးခဲ့ရပါတယ်။ 

ဇာဗီကတော့ ကွင်းလယ်ဒိုင်ရဲ့ ပွဲသိမ်းခရာမှုတ်ပြီးပြီးချင်းမှာပဲ အဝတ်လဲခန်းအတွင်းကို ဝင်သွားခဲ့လို့ အဆိုပါအဖြစ်အပျက်ကို သိရှိခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့် သူက အောင်ပွဲခံတာကို အချိန်အနည်းငယ်သာ လုပ်ဖို့အတွက် ညွှန်ကြားခဲ့ပြီး ကစားသမားတွေနဲ့ အသင်းဝန်ထမ်းတွေက လိုက်နာခြင်းမရှိခဲ့ဘဲ ကွင်းလယ်စက်ဝိုင်းမှာ လက်ချင်းချိတ်ကာ ဝိုင်းကြီးပတ်ပတ်လုပ်​ အောင်ပွဲခံခဲ့ပြီးနောက်ဆုံးမှာ ထွက်ပြေးခဲ့ရတဲ့အထိ ဖြစ်ခဲ့ရတာပါ။ 

"အောင်ပွဲခံတာ လုံလောက်ပြီထင်လို့ ကျနော် သူတို့ကို ရပ်တန့်ခိုင်းခဲ့ပါတယ်၊ ဒီအောင်ပွဲခံတာက ပုံမှန်ပါပဲ၊ ဒါပေမယ့် ကျနော်တို့ရဲ့ အိမ်ကွင်းမဟုတ်ဘူးလေ၊ ဒါပေမယ့် စိတ်ခံစားချက်ကို ထိန်းချုပ်ဖို့က ခက်ပါတယ်၊ အက်စ်ပန်ညိုကွင်းဖြစ်နေလို့ အောင်ပွဲခံတာမဟုတ်ပါဘူး၊ ချန်ပီယံဖြစ်လို့ အောင်ပွဲခံခဲ့တာပါ၊ ဒါပေမယ့် ကျနော်တို့ရဲ့ နေရာမဟုတ်ခဲ့ဘူး"

"ကျနော်က အဝတ်လဲခန်းထဲကို ရောက်နေပါပြီ၊ ကျနော်တို့က အငြင်းပွားစရာတွေကို မဖန်တီးသင့်ပါဘူး၊ ဝင်ဖို့ အချိန်တန်ပြီလို့ ကျနော်ထင်ခဲ့တယ်၊ အဝတ်လဲခန်းထဲမှာပဲ ကျနော်တို့ မိသားစုတခုအနေဲ့ ဂုဏ်ပြုနေရမှာပါ၊ အထဲကို ဝင်ခဲ့ပြီး အောင်ပွဲခံတာက လေးစားမှုကို​ ပြသတာပါပဲ၊ ဒါက ကျနော်တို့ ကွင်းမဟုတ်ဘူးလေ" လို့ ဇာဗီက ပြောဆိုခဲ့ပါတယ်။ 

ဘာစီလိုနာဟာ မြို့ခံပြိုင်ဘက်ကို အနိုင်ရရှိခဲ့လို့ ချန်ပီယံဖြစ်ခဲ့ပေမယ့် အက်စ်ပန်ညိုကတော့ တန်းဆင်းရမယ့် အရေးနဲ့ ပိုမိုနီးစပ်သွားခဲ့ပါတယ်။ ဒီအတွက်ကြောင့် ပရိသတ်တွေကလည်း ခံစားချက်မျိုးစုံဖြစ်နေခဲ့ပြီး နောက်ဆုံးမှာ သူတို့ဒေါသကို ဘာကာကစားသမားတွေပေါ် ပုံချခဲ့တာဖြစ်ပါတယ်။ 

Share

က္က