လက်ရှိမှာတော့ မြန်မာအသင်းဟာ ဆူဇူကီးဖလားပြိုင်ပွဲအတွက် တူရကီကို ရောက်ရှိနေပြီး တစ်လကြာလေ့ကျင့်သွားမှာဖြစ်ပါတယ်။
ပြည်ပမှာထွက်ကစားနေတဲ့ ကစားသမားတွေဖြစ်တဲ့ အောင်သူ၊ ကျော်ကိုကို၊ ဇော်မင်းထွန်းတို့ ၃ ဦးဟာ လက်ရွေးစင်အသင်းက အနားယူသွားခဲ့ပြီလို့ မြန်မာ့လက်ရွေးစင်နည်းပြချုပ် အန်တိုနီဟေးက ပြောဆိုလိုက်ပါတယ်။ လက်ရှိမှာတော့ မြန်မာအသင်းဟာ ဆူဇူကီးဖလားပြိုင်ပွဲအတွက် တူရကီကို ရောက်ရှိနေပြီး တစ်လကြာလေ့ကျင့်သွားမှာဖြစ်ပါတယ်။
Photo : Antonie Hey Twitter
Photo : Antonie Hey Twitter
Photo : Antonie Hey Twitter
တူရကီကို ထွက်ခွာသွားခဲ့တဲ့ မြန်မာအသင်းမှာ ကစားသမား ၁၉ ဦး လိုက်ပါသွားခဲ့တယ်လို့ သိရပြီး အဆိုပါကစားသမားတွေက နောက်မှသာ ပူးပေါင်းမယ်လို့ ပရိသတ်တွေက မျှော်လင့်ခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အန်တိုနီဟေးရဲ့ မှတ်ချက်ပြုမှုက ဒီကစားသမားတွေ ပါဝင်မှာမဟုတ်ဘူးလို့ ယူဆရမှာလည်းဖြစ်ပါတယ်။
ဒါ့အပြင် အန်တိုနီဟေးက နိုဝင်ဘာလ ၉ ရက်နေ့မှာ မြန်မာအသင်းက Manavgat Spor အသင်းနဲ့ လေ့ကျင့်ရေးပွဲအဖြစ် ခြေစမ်းကစားဖို့ရှိတယ်လို့လည်း အသိပေးထားပါတယ်။ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ Burundi၊ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ အင်ဒိုနီးရှားတို့နဲ့ ထပ်မံကစားဖို့ရှိတယ်လို့လည်း ရေးသားထားတာကိုမြင်တွေ့ခဲ့ရပါတယ်။