ဆက်သွယ် ရေး အော်ပရေတာတွေအားလုံးက အင်တာနက် Package ဈေးနှုန်းတွေကို ယခင်ဈေးနူန်းထက် နှစ်ဆနီးပါးပို မြင့်တက်ပြီး ပြောင်းလဲသတ်မှတ်မှုကို ဒီနေ့ ဒီဇင်ဘာလ ၈ ရက်နေ့မှာ စတင်လိုက်ပြီဖြစ်ပါတယ်။
Telenor ကတော့ မနေ့ကထဲက စတင်ဈေးနှုန်းပြောင်းလဲခဲ့တာဖြစ်ပြီး အော်ရီဒူး နဲ့ မိုင်တဲ၊ MPT ကတော့ ဒီနေ့မှာ ဈေးနှုန်းတွေကို တရားဝင် ကြေညာလိုက်တာဖြစ်ပါတယ်။
Telenor နဲ့ Ooredoo ရဲ့ အင်တာနက်ပက်ခ်ကေ့ ဈေနှုန်းက 1 GB ကို ၁၉၉၀ ကျပ်အထိ ဈေးနူန်းမြင့်တက်သွားပြီး၊ MPT ကလည်း 935 mb ကို ၁၇၉၉ ကျပ်အထိ ဈေးနူန်း မြင့်တက်သွားကာ ၊ မိုင်တဲကလည်း 512 mb ကို ၉၆၈ ကျပ်အထိ မြင့်တက်သွားတာတွေ့ရပါတယ်။
" အရင်က ၁၀၀၀ ထည့်ရင် ချွေတာသုံးမယ်ဆိုရင် ၅ ရက်လောက်သုံးလို့ရသေးတယ်။ခုကတော့ ၁၀၀၀ ဆို ၅၀၀ mb လောက်ပဲရတော့မှာ ၊ တစ်ဝက်နလောက်ကိုဈေးကတက်လိုက်တာ။ ကျနော်တို့သုံးစွဲသူတွေဘက်ကို မကြည့်ဘဲတမင်ကိုလုပ်လိုက်တာအသိသာကြီးပါ " လို့ အင်တာနက်သုံးစွဲသူ လူငယ်တစ်ဦးကပြောပါတယ်။
ဆက်သွယ်ရေး အော်ပရေတာတွေကတော့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားချက်အရ ဖုန်းခေါ်ဆိုမှုနဲ့ အင်တာနက် အစီအစဉ်ဈေးနှုန်းတွေကို ပြောင်းလဲသတ်မှတ်တာဖြစ်တယ်လို့ ဒီဇင်ဘာလအစကထဲက အသိပေးကြေညာထားပါတယ်။
မနေ့က ဒီဇင်ဘာလ ၇ ရက်နေ့အထိ ရောင်းချခဲ့တဲ့ အင်တာနက်ပက်ခ်ကေ့နူန်းတွေက ooredoo မှာ 925 mb ကို 999 ကျပ်ဖြစ် ပြီး MPT က 935 mb ကို 999 ကျပ် ၊ မိုင်တဲက 920 mb ကို 968 ကျပ်ဖြစ်ပါတယ်။
ဒီနေ့မှာတော့ ooredoo နဲ့ တယ်လီနောက 999 ကျပ်ကို 525 mb သာရရှိ ပြီး MPT က 999 ကျပ်ကို 515 mb သာရရှိပြီး၊ မိုင်တဲက 968 ကျပ်ကို 512 mb သာရရှိတော့တာကိုတွေ့ရပါတယ်။
Ooredoo Supernet wifi စက်တွေကိုလည်း ဒီနေ့ကစပြီး သက်တမ်းတိုးနှုန်းက ရက် 30 ကို 79000ကျပ်အထိ၊ရက် 90 ကို 200000ကျပ်အထိ မြင့်တက်မယ်လို့ အော်ရီဒူးက တရားဝင်ကြေညာထားပါတယ်။
Share