များပြားလှတဲ့ ငွေကြေးပမာဏပေးဖို့ အသိပေးထားပါတယ်။

ဒီရာသီမှာ နာပိုလီအသင်းအတွက် ခြေစွမ်းပြသနေပြီး သွင်းဂိုးအများအပြားသွင်းယူကာ အသင်းကို စီးရီးအေထိပ်ဆုံးနေရာနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ရောက်အောင် ပို့ဆောင်ပေးထားတဲ့ အိုဆီမန်ဟာ အသင်းကြီးတွေရဲ့ ပစ်မှတ်အဖြစ်ရှိနေပြီး မန်ချက်စတာယူနိုက်တက်ကလည်း သူ့ကို​ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်နေပါတယ်။ 

ယူနိုက်တက်ဟာ လာမယ့်နွေရာသီမှာ တိုက်စစ်မှူးတဦးခေါ်ယူဖို့ကို အဓိကပစ်မှတ်ထားလုပ်ဆောင်နေတာဖြစ်ပြီး စပါးအသင်းတိုက်စစ်မှူး ဟာရီကိန်းနဲ့ အိုဆီမန်တို့က အဓိကပစ်မှတ်အဖြစ်ရှိနေတာပါ။ ဒါပေမယ့် နာပိုလီအသင်းကတော့ အိုဆီမန်ကို ခေါ်ချင်ရင် ဘယ်လောက်ပေးရမလဲဆိုတာကို ယူနိုက်တက်ကို အသိပေးလိုက်ပြီဖြစ်ပါတယ်။ 

နာပိုလီအသင်းဟာ အိုဆီမန်အတွက် ယူရိုသန်း ၁၅၀ ထက်နည်းတဲ့ ကမ်းလှမ်းမှုတွေကို စဉ်းစားသွားမှာမဟုတ်ဘူးလို့ ပြောခဲ့တာပါ။ အိုဆီမန်ဟာ နာပိုလီအသင်းအတွက် ဒီရာသီမှာ ၂၉ ပွဲကစားထားပြီး ၂၅ ဂိုးသွင်းယူထားတာဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းက အားလုံးကို ဆွဲဆောင်ထားနိုင်ခဲ့ကာ ဥရောပထိပ်တန်းအသင်းအားလုံးနီးပါးက သူ့ကိုစောင့်ကြည့်နေကြတာဖြစ်ပါတယ်။ 

နာပိုလီအသင်းအကြီးအကဲ ဒီလော်ရန်းတစ်နဲ့ အားကစားဒါရိုက်တာတို့ကတော့ ယူရိုသန်း ၁၅၀ ကို တစ်ပြားမှတောင် လျော့ပြီးကမ်းလှမ်းလာမှုတွေကို စဉ်းစားမှာမဟုတ်ဘူးလို့ ပြောခဲ့တာပါ။ ဒီပမာဏဟာ ယူနိုက်တက်အတွက်တော့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေးချေမှ ခေါ်ယူနိုင်မယ့် အနေအထားဖြစ်ပြီး ဗြိတိန်စံချိန်တင်ကြေးလည်းဖြစ်လာမှာပါ။ 

ယူနိုက်တက်အသင်းရဲ့ဦးစားပေးပစ်မှတ်ဖြစ်တဲ့ ဟာရီကိန်းကိုလည်း စပါးအသင်းက ပေါင်သန်း ၁၀၀ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ယူနိုက်တက်အသင်းဟာ သူတို့နှစ်ဦးအပြင် နောက်ထပ်တိုက်စစ်မှူးအချို့ကိုလည်း ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က