သူ့ကစားသမားအတွက် လေသံပစ်လိုက်တာလားလို့ ထင်စရာရှိလာပါပြီ။

နာပိုလီတိုက်စစ်မှူးဗစ်တာအော့ဆီမန်ရဲ့ အေးဂျင့်ဖြစ်သူက လက်ရှိအချိန်မှာ သူ့ရဲ့ ကစားသမားက ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒ့ါအပြင် အော့ဆီမန်က မန်ချက်စတာစီးတီးတိုက်စစ်မှူး ဟာလန်းထက်တောင် ပိုကောင်းတဲ့သူလို့လည်း အမွှမ်းတင်ခဲ့ကာ အော့ဆီမန်ရဲ့ အပြောင်းအရွှေ့အတွက် ခြေလှမ်းစတင်လိုက်ပြီလို့ ယူဆစရာတွေ ဖြစ်လာခဲ့ပါပြီ။ 

အသက် ၂၄ နှစ်အရွယ် အော့ဆီမန်ဟာ ဒီရာသီမှာ နာပိုလီအတွက် ခြေစွမ်းပြနေပြီး စုစုပေါင်း ၂၉ ပွဲမှာ ၂၅ ဂိုးအထိ သွင်းယူပေးထားပါတယ်။ အီတလီစီးရီးအေမှာ ရွှေဖိနပ်ဆုကို ရယူနိုင်ဖို့ အခြေအနေကောင်းနေပြီး နှစ်ပေါင်း ၃၀ အတွင်း နာပိုလီကို ပထမဆုံးအကြိမ်အဖြစ် စကူဒက်တိုဖလားကို ဆွတ်ခူးနိုင်ဖို့ နီးစပ်နေအောင်လည်း အော့ဆီမန်က ကူညီပေးထားပါတယ်။ 

သူ့ရဲ့ အေးဂျင့်ဖြစ်သူ အန်ဒရီရာဒီအာမီကိုက "လက်ရှိအချိန်မှာ အော့ဆီမန်က ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးပါပဲ၊ ဟုတ်ပါတယ်၊ သူက ဟာလန်းထက်တောင်မှ ပိုကောင်းပါတယ်၊ သူ့မှာ အားနည်းချက်ဆိုတာ နည်းပါးပြီး ရွေးချယ်စရာကလည်း ချို့တဲ့နေတာမဟုတ်ပါဘူး၊ အထူးသဖြင့် အင်္ဂလန်နဲ့ ပီအက်စ်ဂျီမှာပေါ့"

"အဲဒီအသင်းတွေရဲ့ တိုက်စစ်ပိုင်းက အရေးပါတဲ့ ကစားသမားတွေကို ဆုံးရှုံးခဲ့မယ်ဆိုရင် သူက အစားထိုးပေးနိုင်ပါတယ်၊ ကျန​ော့်အမြင်အရဆိုရင်တော့ မက်ဆီက မိုင်ယာမီကို သွားပါလိမ့်မယ်၊ ဒါပေမယ့် အဲဒါက ကျနော့်အမြင်ပဲဖြစ်ပါတယ်၊ အော့ဆီမန်က ပီအက်စ်ဂျီမှာ မက်ဆီနေရာကို အစားထိုးကစားပေးနိုင်ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ 

အော့ဆီမန်ရဲ့ အေးဂျင့်က အခုလိုမျိုးပြောခဲ့တာဟာ သူ့ကိုအလိုရှိနေတဲ့ အင်္ဂလန်ပရီးမီးယားလိဂ်ကလပ်တွေနဲ့ ပီအက်စ်ဂျီအတွက်တော့ စိတ်လှုပ်ရှားစရာဖြစ်လာမှာ သေချာပါတယ်။ နာပိုလီဥက္ကဌဒီလော်ရန်တစ်ကတော့ သူ့ကစားသမားကို ရောင်းချမှာမဟုတ်ဘူးလို့ ပြောထားပေမယ့် ပြောင်းရွှေ့ကြေးထိုက်ထိုက်တန်တန်ရရင် ရောင်းထုတ်ဖွယ်ရှိနေပါတယ်။ 

Share

Loading Next Article...
က္က