အဲဗာတန်နဲ့ပွဲမှာ ပြိုင်ဘက်နဲ့ အချင်းများပြီး ဟန်ဆောင်လှဲချခဲ့တယ်လို့ စွပ်စွဲခံနေရတာပါ။

စပါးတိုက်စစ်မှူးဟယ်ရီကိန်းကတော့ ညက အဲဗာတန်နဲ့ပွဲမှာ အလွန်အမင်း ဟန်ဆောင်ခဲ့တယ်လို့ စွပ်စွဲခံနေရပါတယ်။ ကိန်းဟာ အဲဗာတန်ကွင်းလယ်လူ ဒူကူရီနဲ့ အချင်းများခဲ့ရာမှာ မျက်နှာကို အတွန်းခံခဲ့ရပြီးနောက် လဲကျခဲ့တာဖြစ်ပါတယ်။ ဒီနောက် နှစ်ဖက်အသင်းသားတွေကြားမှာ ပြသနာတွေဖြစ်ခဲ့ပြီး ဒူကူရီက အနီကတ်ပြထုတ်ပယ်ံခံခဲ့ရပါတယ်။ 

ဟယ်ရီကိန်းဟာ ဒူကူရီရဲ့ ဂျာစီကို ဆွဲခဲ့တာဖြစ်ပြီး ဒီအချိန်မှာ ပြိုင်ဘက်က ဒေါသထွက်တာ သူ့မျက်နှာကို တွန်းခဲ့တာဖြစ်ပါတယ်။ ဒူကူရီ ထုတ်ပယ်ခံရပြီးနောက် စပါးတို့ ပင်နယ်တီရခဲ့ပြီး ဟယ်ရီကိန်းက ကန်သွင်းယူခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန်နှောင်းပိုင်းမှာ အဲဗာတန်အတွက် မိုက်ကယ်ကိန်းက ချေပဂိုးပြန်သွင်းပေးခဲ့လို့ တဖက်တဂိုးစီနဲ့ သရေပွဲဖြစ်သွားခဲ့ပါတယ်။ 

ကိန်းရဲ့ အမူအယာနဲ့ပတ်သက်ပြီး ဘောလုံးပွဲဝေဖန်သုံးသပ်သူ ဒန်နီမာဖီက "သူ လဲကျသွားတာကြီးက တကယ်ရှက်ဖို့ကောင်းလွန်းပါတယ်၊ တကယ်လို့ ကျနော့်ကလေးတွေသာ အဲလိုပုံစံနဲ့ ကစားခဲ့မယ်ဆိုရင် ဒီအတွက် ပြန်တောင်းပန်ခိုင်းမှာပါ၊ ပြီးတော့ သူတို့မျက်နှာပေါ်ကို အေးစက်နေတဲ့ အဝတ်စအုပ်ပြီး အမှောင်ခန်းထဲမှာပါ ထိုင်ခိုင်းမိလိမ့်မယ်" လို့ ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ 

အဲဗာတန်ပရိသတ်တွေကလည်း ဟယ်ရီကိန်းရဲ့ အပြုအမူအတွက် အော်စကာဆုပေးသင့်တယ်လို့ တွစ်တာမှာ ရေးသားလှောင်ပြောင်ခဲ့ကြပါတယ်။ "ဒူကူရီက အရူးတ​ောက်ပ​ြ၊ ကိန်းကတော့ အော်စကာနဲ့ ထိုက်တန်ပါတယ်" လို့ ပရိသတ်တဦးက မှတ်ချက်ပြုခဲ့ပြီး နောက်တဦးကလည်း 'အင်္ဂလန်အသင်းခေါင်းဆောင်ဆိုတဲ့ ဂုဏ်ပုဒ်ကိုတောင်မှ မထောက်ပဲ ဟယ်ရီကိန်း ဒီလိုလုပ်ခဲ့တာ ရှက်စရာပဲ" လို့ ဆိုခဲ့ပါတယ်။ 



စပါးကတော့ သရေသာရခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရမှတ် ၂ မှတ်ဆုံးရှုံးခဲ့ရပါတယ်။ တန်းမဆင်းရရေး ရုန်းကန်နေရတဲ့ အဲဗာတန်ကတော့ အဖိုးတန်ရမှတ်တမှတ်ကို တယောက်လျော့အနေအထားနဲ့ ပြန်ရယူနိုင်ခဲ့ပါတယ်။ 


Share

Loading Next Article...
က္က