ချန်ပီယံအသင်းတွေနဲ့ချည်းပဲ သွားတွေ့တာပါ။

ရော်နယ်ဒိုရဲ့ အယ်လ်နာဆာကတော့ အာရှချန်ပီယံလိဂ်မှာ အုပ်စုသွားကျပ်နေပါတယ်။ ကာတာနာမည်ကျော်ကလပ် Al Duhail SC နဲ့ အီရန်ထိပ်သီး ပါဆီပိုလစ်၊ တာဂျစ်ကလပ် Istiklol တို့နဲ့အတူ တအုပ်စုတည်း ကျနေတာပါ။ 

အဲဒီအသင်းတွေက သက်ဆိုင်ရာလိဂ်တွေမှာ တကယ့်ဆရာကြီးအသင်းတွေပါ။ ပြီးခဲ့တဲ့ရာသီက ချန်ပီယံအသင်းတွေဖြစ်ပြီး ရော်နယ်ဒိုတို့အုပ်စု တော်တော်လေးတော့ ရုန်းကန်ရမယ်ထင်ပါတယ်။ နာမည်ကျော်ကစားသမားပါဝင်မှုမှာ သူတို့က သာတာမှန်ပေမယ့် အသင်းလိုက်ကစားဟန်နဲ့ အခြားကစားသမားတွေကြား ကွာဟချက်မှာ စကားအများကြီး ပြောမှာပါ။ 

အယ်လ်နာဆာတို့ တကယ့် ဂေါင် အသင်းတွေနဲ့မှ သွားတွေ့တာ့ပါပဲ။ သူတို့အုပ်စုကတော့ ကြည့်ကောင်းဦးမှာ သေချာတယ်။ ကာတာချန်ပီယံ၊ အီရန်ချန်ပီယံ၊ တာဂျစ်ချန်ပီယံတွေဆိုတော့ ရော်နယ်ဒိုတို့ အုပ်စုက တက်ဖို့တောင် မနည်းလုပ်ရမယ့် သဘောလို့ ယူဆမိပါတယ်။ 

ပလေးအော့အဆင့်ကစားပြီး အုပ်စုအဆင့်ကို ဝင်ပြိုင်ခွင့်ရခဲ့တဲ့ အယ်လ်နာဆာဟာ ရော်နယ်ဒို၊ မာနေး၊ ဖိုဖန်နာ၊ တယ်လစ္စကာ၊ ဘရိုဇိုဗစ်၊ တဲလက်စ်တို့လို ကစားသမားတွေကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့် အာရှချန်ပီယံလိဂ်အတွက် အာရှသားမဟုတ်သူ ၅ ဦးတည်းသာ ခွင့်ပြုထားလို့ ကစားသမား ရွေးချယ်မှုတွေကို လုပ်ရဖို့လည်း ရှိနေပါတယ်။ 

ရော်နယ်ဒိုကတော့ သေချာပ​ေါက်ပါဝင်လာမှာဖြစ်ပြီး ဘယ်သူ့ကို ချန်လှပ်မလဲဆိုတာ နည်းပြတယောက် ခေါင်းစားရပါတော့မယ်။ ပြီးတော့ လက်ရှိ သူတို့ရဲ့ အသင်းလိုက်ကစားပုံကြောင့် ပြိုင်ဘက်တွေကို ရင်ဆိုင်ဖို့ကလည်း မလွယ်လှပါဘူး။ 


Share

Loading Next Article...
က္က