သူ့ကစားသမားတွေကိုလည်း သတိပေးမှုတွေ လုပ်ထားပါတယ်။

အာရှချန်ပီယံလိဂ်မှာ ရော်နယ်ဒိုရဲ့ အယ်လ်နာဆာနဲ့ ရင်ဆိုင်ရမယ့်အပေါ် ပြိုင်ဘက်အယ်လ်ဒူဟာနည်းပြ ဂဲလ်တီယာက ထိတ်လန့်နေပါတယ်။ ဂဲလ်တီယာကတော့ ပီအက်စ်ဂျီနည်းပြဟောင်းဖြစ်ပြီး မက်ဆီကို ကိုင်တွယ်ခဲ့တဲ့နောက် ရော်နယ်ဒိုနဲ့ ပြိုင်ဘက်အဖြစ်ပါ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ 

အယ်လ်ဒူဟာကတော့ ဂဲလ်တီယာလက်အောက် လိဂ်ပွဲ ၅ ပွဲကစားအပြီး ၁ပွဲအရေးနိမ့်ကာ ၃ ပွဲအနိုင်ရထားပါတယ်။ ဒါပေမယ့် အာရှချန်ပီယံလိဂ်မှာတော့ အခြေအနေမကောင်းဘဲ ၂ပွဲကစားအပြီးမှာ ၁ပွဲရှုံး၊ ၁ပွဲသရေကျထားကာ အုပ်စုအဆင့်က တက်ရောက်နိုင်ဖို့အတွက် ရုန်းကန်ရမှာပါ။ 



အယ်လ်နာဆာနဲ့ ကစားမယ့်ပွဲအတွက် သတင်းစာရှင်းလင်းပွဲမှာ ဂဲလ်တီယာက "အယ်လ်နာဆာရဲ့ နောက်ဆုံးပွဲကို ကျနော်ကြည့်ဖြစ်ပါတယ်၊ ရော်နယ်ဒိုရဲ့ သွင်းဂိုးကိုလည်း မြင်ပါတယ်၊ ကျနော်တို့ ဧရိယာနဲ့အနီးတဝိုက်မှာ အမှားလုပ်မိရင်တော့ သူ ပညာပေးတာကို ခံရမှာပါပဲ" လို့ ပြောဆိုခဲ့ပါတယ်။ 

"အယ်လ်နာဆာရဲ့ တိုက်စစ်ချဉ်းကပ်ပုံက အရမ်းအန္တရာယ်များပါတယ်၊ သူတို့ရဲ့ ကစားသမာ​းတွေက ဘယ်နေရာကမဆို ကန်သွင်းတာတွေလည်း လုပ်နိုင်တယ်" လို့ သူက ထပ်ပြောခဲ့ပါတယ်။ အယ်လ်နာဆာဟာ အာရှချန်ပီယံလိဂ်မှာ နိုင်ပွဲဆက်တိုက်ရထားပြီး အခြေအနေအကောင်းနေပါတယ်။ 

ရော်နယ်ဒိုကလည်း သွင်းဂိုးတဂိုးရရှိထားပြီး ဒီရာသီပြိုင်ပွဲစုံ ၁၂ ပွဲမှာ ၁၂ ဂိုးသွင်းပြီး ၆ ကြိမ်ဖန်တီးထားကာ အယ်လ်ဒူဟာကို အန္တရာယ်အပေးနိုင်ဆုံး ကစားသမားအဖြစ်ရှိနေပါတယ်။ 

Share

Loading Next Article...
က္က