ရော်နယ်ဒိုက လှလှပပဂိုးသွင်းခဲ့ပြန်တာပါ။

အယ်လ်နာဆာ တိုက်စစ်မှူး ရော်နယ်ဒိုကတော့ အသင်းအတွက် ခြေစွမ်းပြ ဂိုးတွေ သွင်းယူနေဆဲဖြစ်ပြီး မနေ့က ကစားခဲ့တဲ့ အာရှချန်ပီယံလိဂ်ပွဲစဉ်မှာလည်း အသင်းအတွက် နှစ်ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။



အယ်လ်နာဆာဟာ အာရှချန်ပီယံလိဂ်ပွဲအဖြစ် အယ်လ်ဒူဟေးလ်နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး အယ်လ်နာဆာက ၄-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ အယ်လ်နာဆာအတွက် ဂိုးတွေကို တာလစ္စကာနဲ့ မာနေးတို့က သွင်းယူပေးနိုင်ခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ ရော်နယ်ဒိုအတွက် နှစ်ဂိုးဆက်တိုက် သွင်းယူပေးနိုင်ခဲ့ပြီး ပရိသတ်တွေအတွက် ပိုပြီး အထင်ကြီးစရာ ကောင်းတာက ရော်နယ်ဒိုတစ်ယောက် သူ အားမသန်တဲ့ ဘယ်ခြေကန်ချက်နဲ့ပါ ကောင်းမွန်တဲ့ သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဒီသွင်းဂိုးက ဂိုးဧရိယာနဲ့ နီးစပ်တဲ့နေရာ၊ ဂိုးရှေ့တည့်တည့်ကနေ ရရှိခဲ့တာ မဟုတ်ပါဘူး။


ဧရိယာအပြင်ဘက်မှာ ရရှိလာခဲ့တဲ့ ဘောလုံးကို ရော်နယ်ဒိုက ဘယ်ခြေနဲ့ ဝေ့ဝိုက် ကန်သွင်းယူခဲ့တာပါ။ ကန်ချက်က ကောင်းမွန်တိကျခဲ့တာကြောင့်လည်း ပြိုင်ဘက်ဂိုးသမား ဘယ်လိုမှ ကာကွယ်နိုင်ခဲ့ခြင်းမရှိဘဲ အခုလိုမျိုးပဲ ဂိုးဝင်သွားခဲ့တာပါ။

ရော်နယ်ဒိုရဲ့ ဒီသွင်းဂိုးကတော့ ပရိသတ်တွေအကြားမှာ အကြီးအကျယ် ချီးကျူးစရာဖြစ်နေခဲ့ပြီး “ဘယ်လောက်တောင် ကောင်းလိုက်တဲ့ဂိုးလဲ” ဆိုတဲ့ မှတ်ချက်တွေက ပလူပျံနေခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ အယ်လ်နာဆာအတွက် ဂိုးတွေ ဆက်တိုက်သွင်းပြီး ခြေစွမ်းပြနေသလို (၂၀၂၃) ခုနှစ်အတွင်း ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာလည်း ပါဝင်လာခဲ့ပါတယ်။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က