မွမ်ဘိုင်းမြို့မှာ ပထမဆုံး 7-Eleven စတိုးဆိုင်ကို ဖွင့်လှစ်သွားမယ်လို့ ဆိုပါတယ်

အာရှရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ် ပိုင်ဆိုင်ထားတဲ့ကုမ္ပဏီက အိန္ဒိယနိုင်ငံတစ်ဝန်း 7-Eleven စတိုးဆိုင်များ ဖွင့်လှစ်သွားမယ်လို့ ဆိုပါတယ်။

အာရှမှာ အချမ်းသာဆုံးပုဂ္ဂိုလ် မူကက်ရှ်ဘမ်ဘာနီ (Mukesh Ambani) ပိုင်ဆိုင်တဲ့ Reliance Industries လက်အောက်ရှိ Reliance Retail Ventures က အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှာ ၎င်းရဲ့ပထမဆုံး 7-Eleven စတိုးဆိုင်ကို ဖွင့်လှစ်သွားမယ်လို့ ပြောပါတယ်။ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်အခြေစိုက် 7-Eleven စတိုးဆိုင်လုပ်များဟာ ကမ္ဘာတစ်ဝန်း နိုင်ငံ ၁၈ ခုမှာ ဆိုင်ပေါင်း ၇၇,၀၀၀ ကျော် ဖွင့်လှစ်ရောင်းချလျက်ရှိပါတယ်။



မွမ်ဘိုင်းမြို့ဧရိယာအတွင်း 7-Eleven စတိုးဆိုင်တွေကို အမြန်ဆုံး ဖွင့်လှစ်သွားမှာဖြစ်ကြောင်း Reliance Retail Ventures က ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြပါတယ်။ "အိန္ဒိယက ကမ္ဘာမှာ ဒုတိယအကြီးဆုံးနိုင်ငံဖြစ်ပြီး စီးပွားရေးဖွံဖြိုးတိုးတက်မှု အလျင်မြန်းဆုံး နိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်၊ ကမ္ဘာ့အကြီးဆုံး လက်လီအရောင်းဆိုင်လုပ်ငန်းအနေနဲ့ ကျွန်တော်တို့ အိန္ဒိယကို ဝင်ရောက်ဖို့အချိန်ပါပဲ" လို့ SEI အမှုဆောင်အရာရှိချုပ် ဂျိုးဒီပင်တိုက ပြောပါတယ်။

(အာရှရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ် မူကက်ရှ်) (Photo: Getty Images)

အိန္ဒိယမှာ 7-Eleven ဆိုင်တွေဖွင့်ရန် ၂၀၁၉ ခုနှစ်က Future Group နဲ့ သဘောတူညီမှုရှိခဲ့ပေမဲ့ ဆိုင်ဖွင့်ရန်ရည်မှန်းချက်များနဲ့ လုပ်ငန်းလုပ်ပိုင်ခွင့်ကြေးများကို မပြည့်မီနိုင်ခဲ့တာကြောင့် ယခုအစောပိုင်းမှာ သဘောတူညီမှု ပျက်ပြယ်ခဲ့ပါတယ်။ လုပ်ငန်းလည်ပတ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၁ ဘီလီယံရှိတဲ့ Reliance Retail Ventures ဟာ အိန္ဒိယရဲ့ အကြီးဆုံးနဲ့ အကျိုးအမြတ်အများဆုံး လက်လီအရောင်းလုပ်ငန်းဖြစ်ကြောင်း ကုမ္ပဏီထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

မူကက်ရှ်အမ်ဘာနီက ရေနံဓာတု၊ ဆီ၊ ဓာတ်ငွေ့၊ ဆယ်သွယ်ရေးနဲ့ လက်လီအရောင်းလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံထားတဲ့ Reliance Industries ကုမ္ပဏီ တည်ထောင်သူနဲ့ ဥက္ကဌဖြစ်ပါတယ်။ Forbes မဂ္ဂဇင်းရဲ့ အဆိုအရ မူကက်ရှ်အမ်ဘာနီဟာ ခန့်မှန်းခြေ အသားတင် ချမ်းသာကြွယ်ဝမှု ဒေါ်လာ ၉၉ ဘီလီယံရှိကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က