ချေပဂိုးတွေလိုက်သွင်းနိုင်ခဲ့ပြီးမှ အနိုင်ဂိုးပြန်ပေးလိုက်ရပါတယ်။

ကင်မရွန်းနဲ့ ဆာဘီးယားတို့ပွဲက ဂိုးတွေအပြိုင်သွင်းခဲ့သလို တောင်ကိုရီးယားနဲ့ ဂါနာပွဲကလည်း တော်တော်လေးအကြိတ်အနယ်ဖြစ်ခဲပါတယ်။ ဂါနာက ၂ ဂိုးပြတ်ဦးဆောင်နေခဲ့လို့ တောင်ကိုရီးယားတို့ အခက်တွေ့ပြီထင်ခဲ့ရပေမယ့် ဒုတိယပိုင်းမှာ ချေပဂိုးနှစ်ဂိုး ပြန်သွင်းပြီး ပွဲကို တောင်ကိုရီးယားတို့ ပြန်အသက်သွင်းနိုင်ခဲ့ပါတယ်။ 

ကမ္ဘာ့ဖလားမှာ သွင်းဂိုးတွေနည်းပါးနေလို့ ပရိသတ်တ​ွေစိတ်တိုင်းမကျဖြစ်နေချိန်မှာ ဒီနေ့အစောဆုံးနှစ်ပွဲကတော့ ဂိုးတွေမြူးခဲ့ပါတယ်။ နှစ်သင်းပေါင်းသွင်းဂိုး အနည်းဆုံး ၅ ဂိုးစီအထိရှိခဲ့ပြီး ကမ္ဘာ့ဖလားရဲ့ မာယာများချက်ကတော့ တကယ်လိုက်မမီအောင်ပါပဲ။ ဂါနာကလည်း မာကျောတဲ့အသင်းပီပီ တောင်ကိုရီးယားကို ဦးဆောင်ကစားနိုင်ခဲ့သလို တောင်ကိုရီးယားကလည်း အာရှသားတွေရဲ့ စိတ်ဓာတ်သန်မာမှုကို ပြသနိုင်ခဲ့ပါတယ်။ 

ဂါနာအတွက် ဆာလီဆူး၊ ကူဒက်စ်တို့က ဂိုးတွေသွင်းပြီး ၂ ဂိုးပြတ်နဲ့ ဦးဆောင်ခဲ့ပေမယ့် တောင်ကိုရီးယားအတွက် ဆန်ချိုကျူတဦးတည်း ၂ ဂိုးသွင်းကာ ပြန်ချေပပေးခဲ့ပါတယ်။ ဒါပေမယ့် ဂါနာအတွက် ကူဒက်စ်ကပဲ နောက်တကြိမ်ဦးဆောင်ခဲ့လို့ ပွဲက ၂-၃ ဖြစ်ခဲ့ပြီး တော်တော်လေးအကြိတ်အနယ်ဖြစ်ခဲ့ပြီး စိတ်လှုပ်ရှားစရာလည်းကောင်းခဲ့ပါတယ်။ 

တောင်ကိုရီးယားတို့ ချေပဂိုးတွေရဖို့ အခွင့်အရေးတွေရှိခဲ့ပေမယ့် အဆုံးသတ်မသေချာတာကြောင့် တော်တော်လေးနစ်နာခဲ့ရပါတယ်။ ဂါနာကလည်း အနိုင်သေချာအောင် နောက်ထပ်သွင်းဂိုးရဖို့ အားထုတ်ခဲ့ပြီး သူတို့တိုက်စစ်ဆင်တိုင်း တောင်ကိုရီးယား အသည်းအသန်ကာကွယ်နေခဲ့ရပါတယ်။

ဒီရှုံးပွဲကြောင့် တောင်ကိုရီးယားတို့ နောက်တဆင့်ကို တက်ရောက်ဖို့ရာ ရာခိုင်နှုန်းတော်တော်နည်းပါးသွားခဲ့ပါပြီ။​ ဂါနာကတော့ အုပ်စုနောက်ဆုံးပွဲမှာ ဥရုဂွေးနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဒီနေ့ညကစားမယ့် ပေါ်တူဂီနဲ့ ဥရုဂွေးပွဲစဉ်မှာ ဥရုဂွေးရလဒ်မကောင်းခဲ့ရင် သူတို့အတွက် အခွင့်အရေးပိုမိုရရှိမှာဖြစ်ကာ ဥရုဂွေးအနိုင်ရခဲ့ရင်တော့ နောက်ဆုံးပွဲက တော်တော်လေးအားထုတ်ကစားရတော့မှာဖြစ်ပါတယ်။ 

Share

က္က