နောက်ဆုံး ၃ပွဲမှာ ၄ဂိုးသွင်း၊ ၂ကြိမ်ဖန်တီးခဲ့ပါတယ်။

တောင်ကိုရီးယားအသင်းခေါင်းဆောင် ဆွန်ဟောင်မင်ကတော့ နိုင်ငံတကာပွဲစဉ်ကာလမှာ အသင်းအတွက် ခြေစွမ်းပြကစားသွားခဲ့ပါတယ်။ မနေ့က ကစားခဲ့တဲ့ တရုတ်နဲ့ပွဲမှာ ဆွန်ဟောင်မင်က တဂိုးသွင်း၊ တဂိုးဖန်တီးခဲ့ပါတယ်။ နိုင်ငံတကာပွဲ နောက်ဆုံး ၃ပွဲမှာဆိုရင် သူက ၄ဂိုးသွင်းကာ ဖန်တီးမှု ၂ကြိမ်လုပ်ခဲ့တာဖြစ်ပါတယ်။ 

တောင်ကိုရီးယားဟာ ဗီယက်နမ်ကို ၆-၀၊ စင်ကာပူကို ၅-၀၊ တရုတ်ကို ၃-၀ တို့နဲ့ အနိုင်ယူခဲ့ပြီး ပေးဂိုးမရှိအောင်ပါ စွမ်းဆောင်ခဲ့ပါတယ်။ ဆွန်ဟောင်မင်ကတော့ အာရှရဲ့ အကောင်းဆုံးကစားသမားပီပီ တောင်ကိုရီးယားကို ဦးဆောင်ခဲ့ကာ ခြေစွမ်းပြသခဲ့ပါတယ်။ 

ပရီးမီးယားလိဂ်မှာလည်း စပါးအတွက် ခြေစွမ်းပြနေတဲ့ အာရှသားဟာ သူနဲ့ အခြားသော အာရှကစားသမားတွေကြားမှာ ကွာဟချက်တွေ များပြားတယ်ဆိုတာကိုလည်း ပြသခဲ့တာပါ။ ဆွန်က နောက်ချန်တိုက်စစ်မှူးပုံစံမျိုး တောင်ကိုရီးယားမှာ ကစားပြီး အသင်းတိုက်စစ်ကို အဓိကထိန်းကျောင်းပေးခဲ့ပါတယ်။ 

အာရှရဲ့ အကောင်းဆုံးကစားသမားဆုကို ၇ နှစ်ဆက်တိုက် ဆွတ်ခူးထားတဲ့ ဆွန်ဟောင်မင်က အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်ကာ တောင်ကိုရီးယားအတွက် ၁၁၆ ပွဲကစားပြီး ၄၁ ဂိုးအထိ ရရှိထားပြီးပါပြိ။ ဒီရာသီမှာလည်း စပါးအတွက် ပြိုင်ပွဲစုံ ၁၃ ပွဲကစားပြီး ၈ ဂိုးအထိ သွင်းယူထားပါတယ်။ 

Share

Loading Next Article...
က္က