လီဗာပူးလ်နဲ့အတူ အက်ဖ်အေဖလားကိုင်မြှောက်ပြီး အောင်ပွဲခံစေခဲ့တာပါ။

အက်ဖ်အေဖလားဆွတ်ခူးခဲ့အပြီးမှာ လီဗာပူးလ်တိုက်စစ်မှူးဆာလာကတော့ အာရုံကြောရောဂါခံစားရပြီး ဦးနှောက်ကိုထိခိုက်တတ်တဲ့ ဝေဒနာကိုခံစားနေရတဲ့ အီဂျစ်အသင်းဖော်ဟောင်းဇာကီရီယာကို လီဗာပူးလ်အသင်းတသင်းလုံးနဲ့အတူ အောင်ပွဲခံစေခဲ့တယ်လို့ သိရပါတယ်။ ဆာလာကတော့ ဗိုလ်လုပွဲမှာ ဒဏ်ရာကြောင့် ပထမပိုင်းမှာကတည်းက လူစားလဲလှယ်ခံခဲ့ရပါတယ်။ 

အီဂျစ်သတင်းစာ FilGoal ရဲ့ ဖော်ပြချက်အရ ဇာကီရီယာကို အထူးဧည့်သည်တော်တဦးအဖြစ်နဲ့ ဆာလာက ဖိတ်ကြားခဲ့တာလို့ ဆိုပါတယ်။ ဇာကီရီယာဟာ တချိန်က အီဂျစ်ရဲ့ အတောက်ပဆုံးကြယ်တပွင့်ဖြစ်ခဲ့ဖူးပြီး အီဂျစ်ပရီးမီးယားလိဂ်ဖလားကို ၃ ကြိမ်တိုင်တိုင် ဆွတ်ခူးခဲ့ဖူးသူဖြစ်ပါတယ်။ အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကစားသမားဟောင်းဟာ လက်ရွေးစင်အသင်းအတွက် ၁၂ ပွဲအထိ ပါဝင်ကစားပေးခဲ့ဖူးပါတယ်။ 



သူဟာ amyotrophic lateral sclerosis (ALS) လို့ ခေါ်တဲ့ အာရုံကြောရောဂါကို ခံစားနေရတာဖြစ်ပြီး ကံဆိုးစွာနဲ့ပဲ အဆိုပါရောဂါက ကုသဖို့မဖြစ်နိုင်ဘူးလို့လည်း သိရပါတယ်။ ဒါကြောင့်ပဲ သူဟာ ကစားသမားဘ၀ကို စောစောစီးစီးကျောခိုင်းခဲ့ပြီး သွားလာဖို့အတွက်လည်း ဝှီးချဲလ်လိုအပ်နေခဲ့ပါတယ်။ မနေ့ကတော့ ဆာလာရဲ့ ဖိတ်ကြားမှုနဲ့အတူ သူက အက်ဖ်အေဖလားဗိုလ်လုပွဲကြည့်ရှုခွင့်ရခဲ့ပြီး လီဗာပူးလ်နဲ့လည်း အောင်ပွဲခံနိုင်ခဲ့တာဖြစ်ပါတယ်။ 

ဆာလာက သူ့ကို အက်ဖ်အေဖလားကိုင်မြှောက်ခွင့်ရအောင်လည်း စီစဉ်ပေးခဲ့ပြီး ကျန်အသင်းဖော်တွေအားလုံးက ဇာကီရီယာနဲ့အတူ အောင်ပွဲခံခဲ့ကြပါတယ်။ ဒီမြင်ကွင်းက တကယ်ကို ကြည်နူးစရာကောင်းခဲ့ပြီး ဆာလာရဲ့ လုပ်ရပ်ကိုလည်း အားလုံးကဝိုင်းချီးကျူးခဲ့ကြကာ လီဗာပူးလ်အသင်းရဲ့ ဖေးမမှုတွေကိုလည်း ချီးမွမ်းခဲ့ကြပါတယ်။ 


ဒဏ်ရာကြောင့် ပွဲကိုဆက်မကစားနိုင်ခဲ့တဲ့ ဆာလာရဲ့ အခြေအနေကေတော့ ကောင်းမွန်တယ်လို့ သိရပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် စိုးရိမ်စရာမရှိဘူးလို့လည်း ဆိုပါတယ်။ 


Share

Loading Next Article...
က္က