သူ့ရဲ့ ခံစားချက်တချို့ကို ရင်ဖွင့်ထားတာပါ။

ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်တဲ့ သူမဟာ အားငယ်မှု မျက်ရည်တွေကို လူတွေရှေ့ကျမှာစိုးလို့ ထိန်းနေရတဲ့ အခိုက်အတန့်တွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ သူမကို မင်းသမီးရုပ်မပေါက်ဘူးလို့ ပြောကြတာတွေ ရှိသလို ဘာအဆင့်မှ မရှိပဲ ချေလိုက်တာမှ မေးမချဘူးလို့ ပြောတဲ့သူတွေလည်း ရှိခဲ့ပါတယ်တဲ့။

Photo : ခြူး FB

 

ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်တွေရဲ့ အသိအမှတ်ပြု အားပေးမှု ရလာတဲ့ ခြူးလေးရဲ့ သူမရဲ့ ခံစားချက်တချို့ကို ဖေ့စ်ဘွတ်ပေါ်မှာ ရင်ဖွင့်ထားတာ တွေ့ရပါတယ်။ ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်တဲ့ သူမဟာ အားငယ်မှု မျက်ရည်တွေကို လူတွေရှေ့ကျမှာစိုးလို့ ထိန်းနေရတဲ့ အခိုက်အတန့်တွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

သူမကို မင်းသမီးရုပ်မပေါက်ဘူးလို့ ပြောကြတာတွေ ရှိသလို ဘာအဆင့်မှ မရှိပဲ ချေလိုက်တာမှ မေးမချဘူးလို့ ပြောတဲ့သူတွေလည်း ရှိခဲ့ပါတယ်တဲ့။

Photo : ခြူး FB

 

"ကျရာ ဇာတ်ရုပ်မှာ တော့ အကောင်းဆုံးကြိုးစားပါတယ်။ ဒါပေမဲ့ ကံတရားက မျက်နှာသာ မပေးဘူး အမြဲ အဖျားရှူး တယ် ။သူများတွေ လောက် ရုပ်မလှတာ သိပါတယ်။ မင်းသမီး ရုပ်မပေါက်ဘူး ပြောလည်း ကိစ္စမရှိပါဘူး။ မင်းသမီးလည်း မဖြစ်ချင်ပါဘူး ကိုယ်ရိုက်ချင်တဲ့ ဇာတ်ရုပ်လေးတွေ ရိုက်နေရရင်ဘဲ ပျော်နေတာပါ တုံးလွန်းလို့ ပေါ်ပင်ဆိုတာကိုလည်း မလုပ်တတ်ပါဘူး။တောက တက်လာတဲ့ သူမို့ ဘွင်းဘွင်းရှင်းရှင်း ပြောတတ်လို့ အချိုကြိုက်တဲ့ သူတွေ မုန်းတာလည်းသိပါတယ်။ ဘာအဆင့်မှ မရှိဘဲ ချေလိုက်တာမှ မေးမချဘူး။ လို့ ထင်နေကြတာ မဟုတ်ပါဘူး" လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ဇူလိုင်(၂၆) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

Photo : ခြူး FB

မွေးနေ့မှာ နာမည်ပြောင်းခဲ့တဲ့ ခြူး

နေအဉ္ဇရာဟာ MRTV 4 ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်းနဲ့ နာမည်ရလာတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။ သူမကို "ထာဝရ မန္တလေး" ရုပ်သံဇာတ်လမ်းတွဲနဲ့ လူသိများလာတာဖြစ်ပြီး အဲဒီနောက်မှာ ဗီဒီယိုတွေလည်း ရိုက်ကူးလာတာကို တွေ့ရပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းက ရိုက်ကူးတဲ့ One Night In The Old House ဆိုတဲ့ ဗီဒီယိုကားထဲမှာ ကိုရီးယားရူးမလေးအဖြစ် ပါဝင်ထားတဲ့ အပြင် MRTV 4 မှာ ပြသခဲ့တဲ့ "ပဉ္စလက်ရွာ" ဇာတ်လမ်းတွဲထဲမှာပါလည်း ပါဝင်ထားပါသေးတယ်။

Photo : ခြူး FB

 

သရုပ်ဆောင်နေအဉ္ဇရာကနေ ခြူးလေးလို့ နာမည်ပြောင်းလိုက်တဲ့ မင်းသမီးလေးက လက်ရှိမှာ ဇာတ်ကားတွေ ဆက်တိုက် ဆိုသလို ရိုက်ကူးနေတာ တွေ့ရပါတယ်။

Share

Loading Next Article...
က္က