ဦးဝင်းဗိုလ်ကတော့ ကွယ်လွန်သွားတာ ကြာပါပြီ။

ကျော်ကျော်ဗို တစ်ယောက် ဖခင်ဖြစ်သူကို လွမ်းတဲ့ စိတ်နဲ့ သူ့ရင်ထဲက ခံစားချက်တွေကို အခုလို ရင်ဖွင့်ပြောပြထားပါတယ်။ သူ့ရဲ့ ဖခင်ကတော့ သစ္စာမေတ္တာရွှေမန်းသဘင်ရဲ့ ဦးဆောင်သူ ဇာတ်မင်းသားကြီး ဦးဝင်းဗိုလ် ဖြစ်ပါတယ်။



Photo: Kyaw Kyaw Bo Fb




ကျော်ကျော်ဗိုရဲ့ ဖခင်ဖြစ်သူ ရုပ်ရှင်၊ ဇာတ်သဘင်မင်းသားကြီး ဦးဝင်းဗိုလ် ကွယ်လွန်ခဲ့တာ စက်တင်ဘာလ ၁၁ ရက်နေ့က ၂ နှစ်နဲ့ ၈ လပြည့်ပြီလို့ သိရပါတယ်။ ဖခင်ကို လွမ်းတဲ့ စိတ်နဲ့ ကျော်ကျော်ဗို က သူ့ရင်ထဲက ခံစားချက်တွေကို အခုလိုပဲ ဖွင့်ဟ ပြောပြလာပါတယ်။

'' ၂ နှစ်နဲ့ ၈ လ ရှိခဲ့ပါပြီ ဖေဖေ။ ပေးခဲ့တဲ့ကတိတွေ တည်နိင်အောင် ကျွန်တော်ကြိုးစားနေရဆဲပါခင်ဗျ။ ကျွန်တော် အားငယ်မှု့ရှိတိုင်းတော့ တိုင်တည်ခွင့်ပြုပါဖေဖေ'' ဆိုပြီးတော့ ဝမ်းနည်းတဲ့ စတစ်ကာလေးနဲ့ စက်တင်ဘာလ ၁၁ ရက်နေ့ မနက် ၉ နာရီက ကျော်ကျော်ဗိုရဲ့ ဖေ့စ် ဘွတ် အကောင့်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

 

ကျော်ကျော်ဗိုဟာ သစ္စာမေတ္တာရွှေမန်းသဘင်ရဲ့ အနုပညာမျိုးဆက်သစ် တစ်ဦးဖြစ်ပါတယ်။ အလကာၤကျော်စွာ ရွှေမန်းဦးတင်မောင်+ ဒေါ်သိန်းညွှန့်ရဲ့ မြေး၊ ရုပ်ရှင်နဲ့ ဇာတ်သဘင်မင်းသား ဦးဝင်းဗိုလ်+ ဒေါ်ခင်သန်းမြင့်တို့ရဲ့ သားဖြစ်ပါတယ်။ ဦးဝင်းဗိုလ်ဟာ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။


Photo: Kyaw Kyaw Bo Fb

ချစ်မေမေအတွက် မွေးနေ့ဆုတောင်းစကားဆိုလိုက်တဲ့ ကျော်ကျော်ဗို

 

ကေျာ်ကျော်ဗို ဟာ အနုပညာလောကထဲမှာ ရာစုနှစ်အတော်ကြာတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သရုပ်ဆောင်အပိုင်းမှာလည်း ပရိသတ်အားပေးမှု များစွာရှိသလို ဇာတ်ကတဲ့ နေရာမှာလည်း အရမ်းကိုတော်တဲ့ မင်းသားတစ်ယောက်ပါ။ အဲ့ဒီနောက် နှင်းဆီအငြိမ့် အဖွဲ့ နဲ့ အတူ ပရဟိတတွေ ဖျော်ဖြေရေးတွေ ဆောင်ရွက်နေတာဖြစ်ပါတယ်။

 

လက်ရှိမှာတော့ ကျော်ကျော်ဗို က ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေတာကို တွေ့ရပါတယ်။ သူ့ရဲ့ နောက်ထပ်ဝါသနာတစ်ခု ဖြစ်တဲ့ ခရီးသွားခြင်း အကြောင်းအရာတွေကိုလည်း အစီအစဉ်အသစ်တစ်ခုအဖြစ် Free to Air ရုပ်သံလိုင်းကနေ တဆင့် တင်ဆက်ပေးနေတာဖြစ် ပါတယ်။ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်္ကာပူနိုင်ငံ နဲ့ အင်ဒိုနီးရှားနိုင်ငံ တွေကိုတော့ သွားရောက်လည်ပတ်ပြီးပြီလို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က