ခြေထောက်ထိမိသွားတာပါ။

ပရိသတ်တွေအချစ်တော် သရုပ်ဆောင် ပိုးကြာဖြူခင်တစ်ယောက် ရိုက်ကွင်းက accident Scene တစ်ခုရိုုက်ရင်း တကယ်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

 Photo : ပိုးကြာဖြူခင် FB

"မိုးကောင်းကင်အိမ်မက်" ဇာတ်လမ်းတွဲကနေ ပရိသတ်တွေရဲ့ အားပေးမှု ရရှိခဲ့တဲ့ သရုပ်ဆောင် ပိုးကြာဖြူခင်ဟာ လက်ရှိမှာကြော်ငြာရိုက်ကူးမှုတွေ MTV ရိုက်ကူးမှုတွေ ပြုလုပ်နေရပါတယ်။ ဒီနေ့မှာလည်း အဆိုတော် အောင်ကောင်းမြတ်ရဲ့ " ကြေကွဲညနေ " MTV လေး ရိုက်ကူးနေတယ်ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ နေ့လည် (၁၂) နာရီလောက်က တင်ထားပါတယ်။

 Photo : ပိုးကြာဖြူခင် FB

MTV ရိုက်ကူးရေးက ပုံတွေတင်ရင်းနဲ့ "Aung Kaung Myat ရဲ့" ကြေကွဲညနေ " MTV လေး ရိုက်ပေးနေပါတယ်   ကိုဝေကြီး ရေးပေးထားတဲ့ အဆွေးသီချင်းလေးပါ ပျော်ရလိုက် လွမ်းရလိုက်နဲ့       သီချင်းလေးထွက်လာရင်လဲ အားပေးကြပါဦးနော်" ဆိုပြီး ပြောထားပါတယ်။"ကြေကွဲညနေ" ရှုတင်ပုံတွေတင်အပြီး သူမရဲ့ My Day မှာ " Shooting က accident scene မှာ တစ်ကယ်ထိသွားတဲ့ ကျွန်မ" ဆိုတဲ့ စာလေး တင်ထားတာ တွေ့ရပါတယ်။

ရှုတင်မှာ ဒဏ်ရာသွားရတဲ့ သူမအတွက် ပရိသတ်တွေ စိတ်ပူလို့နေကြပါတယ်။

 

 Photo : ပိုးကြာဖြူခင် FB

မိုးကောင်းကင်အိပ်မက် ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ ဆိုင်းမိုင်ဆိုတဲ့ ကာရိုက်တာနဲ့ အောင်မြင်မှုရရှိနေ ပိုးကြာဖြူခင်ကို ပရိသတ် သတိထား မိစေခဲ့တာကတော့ သူ့ရဲ့ ဆံပင်အရှည်လေးဖြစ်ပါတယ်။  ပရိသတ် သတိထားမိစေခဲ့တဲ့ သူ့ရဲ့ ဆံပင်အရှည် အကြောင်းကိုလည်း အခုလို ပြောပြခဲ့ပါတယ်။

'' ဆံပင်ကတော့ ညီမ ရိုက်နေတဲ့ ဇာတ်လမ်းတွဲအပေါ် မူတည်ပြီးတော့ ဆံပင်အရှည်ထားဖြစ်တယ်။ ညီမရဲ့ ဆံပင်တွေကို အရင်တုန်းက အ ရောင် တွေဆိုးတယ်၊ အရောင်တွေ ချွတ်ခဲ့ဖူးတယ်။ ပြီးတော့ အသက် ၂၅ နှစ်ဝန်းကျင်ဖြစ်တဲ့ အချိန်မှာ အဲ့ဒါမျိုးတွေကို ညီမ မကြိုက်တော့ ဘူး ပေါ့နော်။ တည်ငြိမ်သူဖြစ်သွားတာပေါ့။ ဆံပင်အနက်ရောင် ရှည်ရှည်လေးတွေကို ညီမ အရမ်းသဘောကျတယ်'' လို့ ဆိုပါတယ်။

 

 Photo : ပိုးကြာဖြူခင် FB

ပိုးကြာဖြူခင်ကိုတော့ ဝင်္ကဘာစံအိမ် ၊ မမသိမ့်နဲ့ အမွေဆိုင်အိမ်၊ ဥယျာဉ်မှူး ဖြစ်ဖူးချင်သည် စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ပရိသတ် စတင်သိ ရှိခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် မိုးကောင်ကင်အိမ်မက် ရုပ်သံဇာတ်လမ်းတွဲကနေ ပရိသတ်အားပေးမှု ပိုမိုရရှိခဲ့ပါပြီ။သူ့ရဲ့ အနုပညာ လှုပ်ရှားမှုအနေနဲ့ ကြော်ငြာရိုက်ကူးရေးတွေအပြင် ဇာတ်လမ်းတွဲတွေလည်းရိုက်ကူးနေရတယ်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က