မိုးသည်းထန်ပြီးနောက် ဂူအတွင်း ရေများစီးဝင်သွားခဲ့တာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားမှာ ဂူတစ်ခုအတွင်း ရုတ်တရက် ရေကြီးလာမှုကြောင့် ပိတ်မိနေခဲ့တဲ့ တက္ကသိုလ်ကျောင်းသားသုံးဦးကို သေဆုံးလျက်သာ ရှာဖွေတွေ့ရှိခဲ့ကြောင်း အစိုးရတာဝန်ရှိသူတွေက ယနေ့ (ဒီဇင်ဘာ ၂၃ ရက်) ပြောပါတယ်။

(Photo: BASARNAS Jabar/Instagram)

မိုးသည်းထန်စွာရွာသွန်းပြီးနောက် အနောက်ဂျာဗားရှိ လီလီ (Lele) ဂူထဲမှာ ပိတ်မိနေသူတွေကို ယမန်နေ့ (ဒီဇင်ဘာ ၂၂ ရက်) နေ့က ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ပြီး လူငါးဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ၎င်းတို့ဟာ ကယ်ဆယ်ရေးအဖွဲ့က အပြင်ဘက်သို့ ကယ်မထုတ်နိုင်မီ ဂူထဲမှာ အချိန်အတန်ကြာ ပိတ်မိနေခဲ့ကြကြောင်း ဒေသခံ ကယ်ဆယ်ရေးအဖွဲ့ ပြောခွင့်ရအမျိုးသမီး ဆီနီဝူလန်ဒါရီက ပြောပါတယ်။ ကယ်ဆယ်ရေးအဖွဲ့ဟာ မြေပြင်မှ ပေ ၁၀၀ နီးပါး (၉၈.၄ ပေ) အနက်ရှိ ဂူအတွင်းသို့ ဝင်ရောက်နိုင်ရန် တစ်နာရီကြာ လုပ်ဆောင်ခဲ့ရတယ်လို့ သူမက ဖြည့်စွက်ပြောခဲ့ပါတယ်။



(Photo: AFP)

တက္ကသိုလ်တစ်ခုမှ ကျောင်းသားတွေက ဂူများအတွင်း ဝင်ရောက်စူးစမ်းလေ့လာမှု အခြေခံသဘောတရားကို လေ့ကျင့်ရန်အတွက် လီလီဂူထဲသို့ ဝင်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ တက္ကသိုလ်ကျောင်းသားများ ဂူထဲသို့ဝင်ရောက်သွားချိန်မှာ ရာသီဥတုအခြေအနေ ပုံမှန်အတိုင်းဖြစ်နေကြောင်း၊ သို့သော် နောက်ပိုင်းမှာ ဂူတည်ရှိတဲ့နေရာမှာ ရုတ်တရက် မိုးသည်းထန်စွာရွာသွန်းခဲ့ကြောင်း ကယ်ဆယ်ရေးမှာ ပါဝင်ကူညီခဲ့သူ Ari Alfian က ပြောပါတယ်။

(Photo: NTV7 News)

"ရေတွေက ဂူထဲကို ရေတံခွန်တစ်ခုလိုမျိုး စီးဝင်လာခဲ့တယ်၊ အစောပိုင်းက သေဆုံးသူ သုံးယောက်အပါအဝင် ဂူထဲမှာ ကျောင်းသားငါးယောက်ပဲ ရှိနေခဲ့ပါတယ်၊ ရာသီဥတုဆိုးရွားလာတော့ နောက်ထပ် သုံးယောက်က ဂူထဲမှာရှိနေသူတွေကို ကယ်ဖို့အတွက် ရောက်လာခဲ့ကြတယ်၊ သူတို့လည်း ရေကြီးနေတဲ့ ဂူထဲမှာပိတ်မိခဲ့ပါတယ်၊ အားလုံး ငါးယောက်ကိုပဲ ပြန်ကယ်ထုတ်နိုင်ခဲ့တယ်" လို့ Ari Alfian က AFP သတင်းဌာနကို ပြောခဲ့ပါတယ်။ အင်ဒိုနီးရှားမှာ နိုဝင်ဘာလကုန်ပိုင်းက မိုးရာသီစတင်ခဲ့ပြီး အနောက်ဂျာဗား အပါအဝင် နေရာဒေသအချို့မှာ ရာသီဥတု ဆိုးရွားခဲ့ကာ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း မိုးသက်မုန်တိုင်းများကျရောက်ခဲ့ကြောင်း သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က