အင်ဒိုနီးရှားနိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ ရွှေထူးနဲ့ ရွှေမှုန်ရတီတို့ ဇနီးမောင်နှံကတော့ အရမ်းကို ကြည်နူးနေကြတာ တွေ့ရပါတယ်။
Photo: Shwe Mhone Yati
အဆိုတော်ရွှေထူးနဲ့ သရုပ်ဆောင်ရွှေမှုန်ရတီတို့ ဇနီးမောင်နှံက အခုလက်ရှိ အင်ဒိုနီးရှားနိုင်ငံကို အလည်အပတ်ရောက်ရှိနေတာဖြစ်ပါတယ်။
‘’Indonesia ပိုလာဘာလီကျွန်းလေးဝယ် ..သူနဲ့လည်းတွေ့လို့ချစ်ကြိုးသွယ် ‘’ ဆိုတဲ့ သီချင်းစာသားလေးကို သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နေ့လည် ၁ နာရီ ၁၉ မိနစ်က ရေးသားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် အင်ဒိုနီးရှားရိုးရာဝတ်စုံလေးတွေ ဝတ်ထားတဲ့ အလှပုံလေးေ တွကိုလည်း တင်ခဲ့ပါတယ်။
Photo: Shwe Mhone Yati
ရွှေထူးက လက်ရှိမှာ သီချင်းအသစ်တွေ ဖန်တီးနေတာကို တွေ့ရပါတယ်။ သူတို့ဇနီးမောင်နှံ နှစ်ဦးရဲ့ စုံတွဲ သီချင်းဖြစ်တဲ့ ‘’အမှား’’ သီချင်းကလည်း ဒီနေ့ခေတ်လူငယ်တွေ ကြားမှာ ရေပန်းစားလို့နေပါတယ်။ နောက်ထပ် သီချင်းအသစ်တွေ ဆက်လုပ်ဖို့လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။
Photo: Shwe Mhone Yati
ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဟာ အောက်တိုဘာ(၃၀) ရက်နေ့နေပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုး လက်ထပ်ခဲ့ကြတာဖြစ်ပြီး နိုဝင်ဘာ(၉) ရက်နေ့မှာ မှော်ဘီမြို့နယ်မှာ ရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကနေစပြီး အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
Photo: Shwe Mhone Yati
ရွှေထူး(Shwe Htoo)ဟာ ဂီတအပိုင်းမှာတော့ ပရိသတ်အခိုင်အမာ ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ရွှေမှုံရတီ(Shwe Mhone Yati)ကလည်း သရုပ်ဆောင်ဘက်မှာ ပရိသတ်အခိုင်အမာရရှိထားသူဖြစ်ပါတယ်။ သူတို့ ဇနီးမောင်နှံ နှစ်ယောက်အတူ တွဲဆိုထားတဲ့ ‘’အမှား’’ သီချင်းကလည်း လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားလို့နေပါတယ်။ နောက်ထပ်လည်း ရွှေထူးက ဇနီးချောလေးအတွက် သီချင်းအမိုက်စားတွေ ဖန်တီးပေးဦးမယ်လို့ ဆိုပါတယ်။