လစာအများဆုံးရ ကစားသမားဖြစ်လာမှာပါ။

စပိန်ဂိုးသမား ဒီဂီယာကို နှစ်ရှည်စာချုပ်သစ်ချုပ်ဆိုဖို့ ယူနိုက်တက်ဘက်က ကြိုးစားနေတာဖြစ်ပြီး မကြာခင်မှာ သဘောတူညီမှု ရရှိဖွယ်ရှိတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းအတွက် အရေးပါဆုံး ကစားသမားတစ်ဦးဖြစ်တဲ့ ဂိုးသမား ဒီဂီယာကို စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့အတွက် နီးစပ်နေပြီလို့ Metro က ဖော်ပြသွားခဲ့ပါတယ်။ စပိန်ဂိုးသမား ဒီဂီယာကို နှစ်ရှည်စာချုပ်သစ်ချုပ်ဆိုဖို့ ယူနိုက်တက်ဘက်က ကြိုးစားနေတာဖြစ်ပြီး မကြာခင်မှာ သဘောတူညီမှု ရရှိဖွယ်ရှိတယ်လို့ သိရပါတယ်။

အသက် (၂၈)အရွယ် ဂိုးသမား ဒီဂီယာ နဲ့ ယူနိုက်တက်တို့ကြားမှာ စာချုပ်သက်တမ်းက (၁၈)လသာ ကျန်တော့တာဖြစ်ပြီး နောက်ထပ်တစ်နှစ် သက်တမ်းတိုးခွင့်အတွက် သဘောတူညီမှု ရရှိထားပြီး ဖြစ်ပါတယ်။ အသင်းအတွက် အကောင်းဆုံးလက်စွမ်းပြနေပြီး ကမ္ဘာ့အဆင့်

ဂိုးသမားကို အိုးထရက်ဖို့ဒ်မှာ ကာလရှည်ဆက်ရှိနေဖို့ ယူနိုက်တက်က ဆန္ဒရှိနေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီကတည်းက ဒီဂီယာကို စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ နီးစပ်ခဲ့ပေမယ့်လည်း မော်ရင်ဟိုရဲ့ လက်ထက်မှာ အသင်းရလာဒ်တွေ ဆိုးဝါးနေခဲ့မှုကြောင့် ဒီဂီယာနဲ့ စာချုပ်သစ်ချုပ်ဆိုမယ့် ကိစ္စက နှောင့်နှေးနေခဲ့ပြီး ကစားသမားက သူ့ရဲ့အနာဂတ်ကို ပြန်လည်စဉ်းစားနေခဲ့ပါတယ်။

ဒါပေမယ်လည်း ဆိုးလ်ရှားရောက်ရှိလာပြီးနောက်ပိုင်း အသင်းရလဒ်တွေ ကောင်းမွန်ခဲ့တာက ဒီဂီယာကို စာချုပ်သစ်အတွက် တွန်းအားတွေ ဖြစ်စေခဲ့ပါတယ်။

ယူနိုက်တက်ဘက်က ဒီဂီယာကို ကမ္ဘာပေါ်မှာ လစာအများဆုံးရ ဂိုးသမားတစ်ဦးဖြစ်လာဖို့အတွက် တစ်ပတ်လုပ်ခ ပေါင် (၃၇၅၀၀၀)အထိ ပေးချေသွားမယ်လို့ သိရပြီး ဒါဟာ အသင်းမှာ လက်ရှိလစာအများဆုံးရနေတဲ့ အလက်ဆစ်ဆန်းချက်ဇ်ထက် ပိုမိုများပြားတဲ့ ပမာဏလည်း

ဖြစ်တယ်လို့ Metro က ရေးသားခဲ့ပါတယ်။

၂၀၂၄ ခုနှစ်အထိ ရှိနေမယ့် စာချုပ်သစ်ကို ယူနိုက်တက်ဘက်က ကမ်းလှမ်းခဲ့တာဖြစ်ပြီး ဒီဂီယာက လက်ရှိမှာ တစ်ပတ်ပေါင် (၂၁၀၀၀၀)သာ ရရှိနေသူ ဖြစ်ပါတယ်။ မော်ရင်ဟိုကို ထုတ်ပယ်ခဲ့ပြီးနောက်မှာ ယူနိုက်တက်ဟာ အသင်းရဲ့ အဓိကကစားသမားတွေကို စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့

လုံးပမ်းခဲ့ပြီး မာရှယ် နဲ့ ယန်းတို့ကို ချုပ်ဆိုနိုင်ခဲ့ကာ ရက်ဖို့ဒ် နဲ့ ဟာရဲရားတို့ကိုလည်း မကြာမီ စာချုပ်သစ်ချုပ်ဆိုနိုင်တေ့ာမယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က