အများဆန္ဒအရလို့ ဆိုပါတယ်။

အဝေးသင်တက္ကသိုလ်ကျောင်းသားတွေအနေနဲ့ ယခင်ပုံစံအတိုင်း အနီးကပ် ၁၀ ရက်ဆက်တိုက်ပဲ တက်ရတော့မှာဖြစ်တယ်လို့ အဆင့်မြင့်ပညာဦးစီးဌာနကနေ သိရပါတယ်။



မကြာသေးခင်က ထွက်ပေါ်လာတဲ့ သတင်းတွေအရ စာမေးပွဲဖြေခါနီး မှ ၁၀ ရက်တက္ကသိုလ်ကို တက်ရမယ့် အစား တစ်နှစ်ထဲမှာ ၅ ရက်စီခွဲပြီး တက်ရောက်စေမယ်လို့ ဆုံးဖြတ်ခဲ့ပေမယ့် အများဆန္ဒအရ ခုလို ယခင်ပုံစံပဲ ပြန်ထာလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

အလုပ်လုပ်နေတဲ့ ကျောင်းသားတွေအတွက် အခက်အခဲဖြစ်စေနိုင်ပြီး လာရတာ ခက်ခဲစေတယ်ဆိုတဲ့ အခြေအနေတွေကြောင့် ဒီအစီအစဉ်ကို ရပ်ဆိုင်းထားတာဖြစ်တယ်လို့ အဆင့်မြင့်ပညာဦးစီးဌာနညွှန့်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းက Duwun ကိုပြောပါတယ်။

ယခင်အစီအစဉ်အရ ဆိုရင် မေလ ထဲမှာ ၅ ရက် ကျောင်းတက်ရမှာဖြစ်သလို အောက်တိုဘာလ ဒါမှမဟုတ် နိုဝင်ဘာလထဲမှာ ၅ ရက်ခွဲတက်ရမှာဖြစ်ပေမယ့် အခုတော့ နိုဝင်ဘာလထဲမှာပဲ ၁၀ ရက်ပေါင်းတက်ရတော့မှာပါ။

ယခင်ပြောင်းလဲမယ့် အစီအစဉ်ဟာ Open university ရဲ့ အကြံပြုထားတဲ့ အချက်က အချက်သုံးချက်ထဲကနေ မြန်မာနိုင်ငံအခြေအနေနဲ့ကိုက်ညီမယ်ထင်တဲ့ အချက်ကိုပြောင်းလဲဖို့ကြိုးစားခဲ့တာပါ။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က