နှစ်ရက်အတွင်းပြန်တည်ဆောက်တာပါ။

ဆွာရေလှောင်တမံကျိုးကျလို့ ရေတိုက်စားပြီး အလယ်ဒေါက်တိုင်နှစ်တိုင် နိမ့်ကျခဲ့တဲ့ဆွာချောင်းတံတားနေရာကို နှစ်ရက်အတွင်းပြန်လည်ပြင်ဆင်ပြီးလို့ သြဂုတ်လ ၃၁ ရက် ညပိုင်းက စတင်ကာ ကားတွေ ဖြတ်သန်းသွားလာနိုင်ပြီလို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။



40464796_326153864621193_7226677964698550272_n.jpg 

သြဂုတ်လ ၃၁ ရက် ရန်ကုန်-နေပြည်တော် အမြန်လမ်းပိုင်း ဆွာချောင်း ဘေလီတံတားသစ်ပေါ်ကနေ မော်တော်ယာဉ်တွေ စတင် ဖြတ်သန်းနေပြီဖြစ်တယ်လို့ ဝန်ကြီးဌာနရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ထုထ်ပြန်ထားပါတယ်။

သြဂုတ်လ ၂၉ ရက် ကဆွာရေလှောင်တမံ ရေတိုက်စားမှုကြောင့် နိမ့်ကျခဲ့တဲ့ အလယ်ဒေါက်တိုင် နှစ်တိုင် နေရာမှာ အစားထိုးဖို့ အတွက် ပေ ၄၀၀ အရှည်ရှိတဲ့ ဘေလီတံတားတစ်စင်းကို ယခုရက်ပိုင်း တွေအတွင်းအပြီးတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဆွာဆည်ကျိုးပေါက်လို့ ဆွာမြို့နားမှာ အမြန်လမ်းပေါ် ရေတွေ မြင့်တတ်လာခဲ့ပြီးနောက် ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်သွားလာနေတဲ့ မော်တော်ယာဉ်တွေကို သြဂုတ် ၂၉ ရက် တုန်းက ယာယီရပ်ဆိုင်းထားခဲ့ရတာဖြစ်ပါတယ်။

 

ပဲခူးတိုင်းဒေသကြီး၊ ဆွာချောင်းရေလှောင်တမံရဲ့ ပင်မရေပိုလွှဲတံခါးဟာ သြဂုတ် ၂၉ ရက်မနက် ၄ နာရီလောက်က ရေစီးကျော်အရှိန်များကာ ရေပိုလွှဲ ပဲ့ကျခဲ့ပြီး ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁၆၁ နဲ့ ၁၆၆ ကြား၊ ၁၉၆ နဲ့ ၂၀၄ အကြားမှာ ကားလမ်းရေကျော်မှုတွေဖြစ်ခဲ့သလို ဆွာမြို့အပါအဝင် ကုန်ကြီးအရှေ့၊ကုန်းအနောက်ကျေးရွာတို့မှာ ရေနစ်မြှုပ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီလို ဆွာကျိုးပေါက်မှုကြောင့် ဆွာမြို့အပါအဝင် ရွာ ၁၉ ခုက ကျေးရွာ ၄၀ လောက်ရေနစ်မြုပ်ပြီး လူ ၆ ဦး သေဆုံးသွားခဲ့တယ်လို့လည်း ဆွာမြို့ရဲတပ်ဖွဲ့က သြဂုတ်လ ၂၉ ရက် က Duwun ကို အတည်ပြုပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က